Chapter {23}

75 3 3
                                        

ကားပေါ်တွင် ယောင်လည်လည်နှင့်ပါလာ‌သော
ရှိုင်းဝေယံတစ်ယောက် နွေဦးကမ္ဘာကိုကြည့်ပြီးနားမလည်နိုင်ဖြစ်နေသည်။နွေဦးကမ္ဘာကတော့ ဘာတွေအလျှင်လိုနေလဲမသိ။ကားကို အရှိန်နှင့်မြန်မြန်မောင်းနေသည်။ကားပေါ်မှာ လူပါသေးတယ်ဆိုတာကို မေ့နေသလိုပင်။

"ကိုကြီး "

"ပြော"

"ဘာလို့ရုတ်တရက်ကြီး ထပြန်တာလဲ ဟိုနှစ်ယောက်ကိုအားနာစရာကြီး ပြီးတော့ ကျွန်တော် ခရစ်စတင်းဆီက ဖုန်းနံပါတ်တောင်းနေတာ ရခါနီးပြီကို အခု ကိုကြီးကြောင့်လွဲကုန်ပြီ
ရှုံးတော့မှာပဲဗျာ"

"ဟမ် ဘာရှုံးမှာ"

ကားကို အမြန်မောင်းနေသောကြောင့် ရှိုင်းဝေယံပြောနေတာတွေကို အာရုံမစိုက်မိ။အခုချိန်မှာ နွေဦးကမ္ဘာအာရုံ‌စိုက်မိနေတာက တစ်ဦးတစ်ယောက်ထဲသာဖြစ်သည်။

ရှိုင်းဝေယံကလည်း ‌သူ ယောင်ပြီးထွက်သွားတဲ့စကားကို နွေဦးကမ္ဘာ မကြားလိုက်တာကိုပင် ကျေးဇူးတင်မိနေသည်။ကြားသွားပြီး စစ်ဆေးမေးမြန်းနေရင် ဟိုလူကြီး မင်းခက်ထန်နဲ့ လောင်းထားတာတွေ အကုန်သိသွားလိမ့်မည်။

"ဘာမှ မဟုတ်ပါဘူး
အခု ဘယ်သွားနေတာလဲ ဒါ အိမ်ပြန်တဲ့လမ်းလဲမဟုတ်ဘူး"

"ကျောင်းမှာ ကိစ္စလေးတစ်ခု လုပ်ဖို့ရှိ‌နေတာကို အခုမှသတိရသွားလို့ တီချယ်ခိုင်းထားတာဆိုတော့ ချက်ချင်းသွားလုပ်ပေးမှ ကောင်းမှာ
အဲ့တာကြောင့် ကိုကြီး အိမ်ထိလိုက်မပို့တော့ဘူး ဆိုင်မှာပဲချခဲ့မယ် ရလား"

"အားး ကျွန်တော်မသွားချင်ဘူးဆိုင်ကို
မေမေနဲ့တွေ့ရင်အလုပ်တွေခိုင်းနေမှာ"

"အဲ့ဒါဆိုဘယ်မှာချခဲ့ရမှာလဲ"

"ကိုကြီးက ကျောင်းပြန်မှာမဟုတ်လား အဲ့တာကျွန်တော်လိုက်ခဲ့...."

"မရဘူး"

ကားမောင်းနေရင်း အလန့်တကြားအော်လိုက်သောအသံကြောင့် ရှိုင်းဝေယံလန့်သွားသည်။ကိုကြီးရဲ့မျက်နှာကို ကြည့်လိုက်တော့လဲ ဂနာမငြိမ်ဖြစ်နေသည်မှာ ပေါ်လွင်နေသည်။

You've reached the end of published parts.

⏰ Last updated: Aug 11, 2020 ⏰

Add this story to your Library to get notified about new parts!

Behind The HeartWhere stories live. Discover now