မေသော်စစ် ဒီနေ့ ကျောင်းတက်ရတာ စိတ်မပါသောကြောင့် အတန်းချိန်တစ်ချိန်ပဲတက်ပြီး အိမ်ကို ပြန်လာလိုက်သည်။တစ်နေ့လုံးဘာမှလုပ်ချင်စိတ်မရှိသောကြောင့် အိပ်ယာထဲတွင်သာ ခွေနေလိုက်တော့သည်။ညနေ ခရစ်စတင်းပြန်လာသည့်အချိန်အထိ မေသော်စစ် အိပ်ယာထက်က မထပဲရှိနေသည်။
"ဟင် သော်သော် ဒီနေ့ ကျောင်းပြန်လာတာ စောလှပါလား နေမကောင်းလို့လား"
ပြောပြောဆိုဆိုနဲ့ မေသော်စစ်နဖူးကိုလာစမ်းနေသော ခရစ်စတင်းကိုကြည့်ပြီး မေသော်စစ်ရင်ထဲကြည်နူးမိသည်။သူ့ကို စိတ်ပူပေးနေရှာသော ခရစ်စတင်းကို မေသော်စစ်ဖွဖွလေး ဖက်လိုက်သည်။
"သော်သော့် ညီမလေးအကောင်းဆုံးပဲ"
"သော်သော် ဘာဖြစ်နေတာလဲ ခရစ်စတင်းကိုပြော ကျောင်းကအနိုင်ကျင့်ကြလို့လား
ဒါမှမဟုတ် သော်သော် ကိုနွေဦးကမ္ဘာဆိုတဲ့သူနဲ့ ဘာဖြစ်လာလို့လဲ""နွေဦး အယ် ကိုနွေဦးနဲ့ မမက ဘာပတ်သတ်မှုရှိလို့လဲညီမလေးရယ်"
သော်သော့်ရဲ့ လူမိလို့ဖြစ်သွားတဲ့ရုပ်ကိုကြည့်ပြီး ခရစ်စတင်း ရယ်ချင်မိသည်။
မလိမ်တတ်ပဲနဲ့လိမ်နေသောသော်သော့်ကို ပြောပစ်ချင်ပေမယ့် သော်သော်ဖွင့်ပြောလာမယ့်အချိန်တစ်ခုအထိ စောင့်ပေးလိုက်မယ်လို့ပဲ ခရစ်စတင်းဆုံးဖြတ်လိုက်သည်။"အိုကေ အိုကေ ဘာမှမဖြစ်ရင်လဲ အိပ်ယာထဲမှာပဲမနေနဲ့တော့ ခနနေရင် ကိုကိုက အပြင်သွားပြီး မုန့်စားရအောင် လာခေါ်မယ်တဲ့
မလိုက်တော့ဘူးလို့ မပြောနဲ့နော် ကိုကိုစိတ်ဆိုးရင် ချော့ရခက်တာ သိတယ်မလား"မေသော်စစ်၏ မလိုက်တော့ဘူးလို့ ပြောမယ့်စကားလုံးများ ပါးစပ်ထဲတွင် ပျောက်ရှသွားသည်။ဟုတ်လဲဟုတ်သည်။
John စိတ်ဆိုးရင် တော်တော်ချော့ရခက်သည်။ဟိုတစ်ခါ ဘန်ကောက်မှာတုန်းက သူစိတ်ပြေသွားအောင် မေသော်စစ်တို့ညီအစ်မနှစ်ယောက် တော်တော်ကြိုးစားလိုက်ရသည်။မေသော်စစ်တစ်ယောက် အရင်က အကြောင်းတွေ ပြန်တွေးမိနေတဲ့အချိန်မှာတော့ ခရစ်စတင်းက သူ့အခန်းသို့ မြန်မြန်ပြန်သွားပြီး ရေချိုးဖို့ပြင်နေလေသည်။
YOU ARE READING
Behind The Heart
RomanceZawgyi: နှလုံးသားရဲ့ နောက်ကွယ်မှာ ဖြူ စင်တဲ့ချစ်ခြင်းမေတ္တာတွေရှိတယ် အဲ့ဒီချစ်ခြင်းမေတ္တာတွေမှာ စည်းတွေ၊ဘောင်တွေမရှိဘူး ကန့်သတ်ချက်နယ်နိမိတ်တွေမရှိဘူး မဆုံဆည်းနိုင်ခဲ့ဘူးဆိုရင်တောင်မှ လက်ပြနူတ်ဆက် ပြုံးပြနိုင်မယ်မလား......။ Unicode: နှလုံးသားရဲ့ နော...