Chapter {22}

34 2 0
                                        

"ဟိတ် မေသော်စစ်  "

ရှိုင်းဝေယံ နှုတ်ဆက်တာကို မေသော်စစ် အပြုံးလေးနဲ့ပဲ ပြန်တုံ့ပြန်လိုက်သည်။
မမြင်ပါစေနဲ့လို့ဆုတောင်းနေတဲ့ကြားက ညီမတော်က သွားနှုတ်ဆက်လိုက်သောကြောင့် နွေဦးနဲ့ ရှိုင်းဝေယံတို့ မေသော်စစ်ထိုင်နေသော စားပွဲဆီသို့ တည့်တည့်မတ်မတ်ရောက်လာကြလေသည်။နွေဦးမျက်နှာက ဘာကိုအလိုမကျဖြစ်နေလဲမသိ။မေသော်စစ်ကိုလဲ နှုတ်ဆက်စကားမပြော။

" နင်ကအတန်းလစ်ပြီး ဒီမှာလာဇိမ်ယူနေတာကို
ဒီနေ့အရေးကြီးတဲ့noteတွေပေးသွားတယ်နော်"

"အော်..."

"ဖြူဖတ်ဖြူရော့နဲ့ နင်နေမကောင်းဘူးလား"

ပြောပြောဆိုဆိုနဲ့ ရှိုင်းဝေယံက ခရစ်စတင်းဘေးဝင်ထိုင်သည်။နွေဦးကမ္ဘာကတော့ သူမမျက်နှာကိုတစ်ချက်ကြည့်ပြီး စကားတစ်ခွန်းမှမပြောပဲ ရှိုင်းဝေယံဘေးကခုံမှာဝင်ထိုင်သည်။

"‌ဟုတ်တယ် သော်သော်ဒီနေ့နေသိပ်မကောင်းလို့အိမ်ကို‌စောစောပြန်လာတာ"

"အော် ဟုတ်လား"

စကားပြောသွက်သည့်ခရစ်စတင်းက မေးသမျှကို ဒိုင်ခံဖြေပေးနေသည်။

"ရှိုင်း အကတိုက်တာအဆင်ပြေလား"

"ပြေပါတယ် ခရစ် အမြန်တော့လေ့ကျင့်ရတာပေါ့ dateကနီးလာပြီလေ"

"လိုအပ်တာရှိရင် ခရစ်စတင်းကိုပြောနော်"

" အိုကေ ကျေးဇူးပဲ"

စားပွဲဝိုင်းတစ်ဝိုင်းလုံးမှာ ခရစ်စတင်းနဲ့ရှိုင်းဝေယံတို့ရဲ့စကားပြောသံများပဲကြားနေရသည်။နွေဦးကမ္ဘာကလဲ မေသော်စစ်ကို တစ်ချက်တစ်ချက် ခိုးခိုးပြီးပဲ ကြည့်နေသည်။‌မေ‌သော်စစ်ကတော့ ဘာမှမသိ။ကုန်ခါနီးဖြစ်နေသော ဖျော်ရည်ကိုပဲ တိတ်ဆိတ်စွာ ငုံ့သောက်နေသည်။
အခြေအနေအားလုံးကို မြင်နေရတဲ့Jhonကတော့  မေသော်စစ်နဲ့ နွေဦးကမ္ဘာရဲ့ မပွင့်မလင်းဖြစ်‌နေမှုကို အားမလိုအားမရဖြစ်နေသည်။

"ဒီနှစ်ယောက်က ဘယ်တော့မှအဆင်ပြေမှာလဲ"

"ဟင်"
"ဟမ်"

အကုန်လုံးဆီက အာမေဍိတ်အသံများထွက်လာသည်။ဘာကိုပြောတာလဲ ဆိုတဲ့အကြည့်များနဲ့johnကို ကြည့်နေကြလေရဲ့။

Behind The HeartWhere stories live. Discover now