Zawgyi:
"လှလိုက်တဲ့ပန်းတွေ"
မေသော်စစ်တို့တိုက်ခန်းရှေ့မျက်နှာစာမှာသစ်ခွပန်းပင်တန်းရှိလေသည်။ မနေ့ကထိ အပွင့်မမြင်သောအပင်များသည် ဒီကနေ့တွင် ဖွေးဖွေးလှုပ်ပွင့်နေလေသည်။
Breakfast စားရင်း Christineက ပန်းတွေကိုချီးမွန်းခန်းဖွင့်နေရှာသည်။"ညီမလေး သင်တန်းစုံစမ်းပြီးပီလား ဘာတက်မို့စိတ်ကူးလဲ"
"အနုပညာ သင်တန်းလေသော်သော် ဒီနေ့သွားရမယ်"
"ဟင် အနုပညာသင်တန်း"
"ဟုတ်တယ်သော်သော်ရဲ့ မြန်မာအကကို စိတ်ဝင်စားတယ် မြန်မာ့ယဉ်ကျေးမှူကိုလည်းချစ်တယ် အဲ့ဒါနဲ့ အပ်ဖြစ်သွားတာ"
"ဝေးလား သင်တန်းနာမည်ကဘာလဲ"
"သိပ်မဝေးပါဘူး လမ်းမပိတ်ရင် နာရီဝက်လောက်ပဲမောင်းရတယ်....Academy Dance တဲ့"
"အွန်းပါ အဆင်ပြေရင်ပြီးတာပါပဲ"
"ဟုတ် ဒါနဲ့သော်သော်
ကျောင်းသွားတော့မှာမလား
ခရစ်စတင်းကားနဲ့လိုက်ခဲ့လေနော် လိုက်ပို့ချင်လို့်""အပြန်ကြတော့ကော မရွှေချောရဲ့ သော်သော်ဘာနဲ့ပြန်လာရမှာလဲ "
"အား..မပူနဲ့သော်သော် Christineတို့အတန်းက မနက်ပိုင်းလေ ညနေအေးဆေးလာကြိုလို့ရတယ်"
"အော် okလေ ဒါဆိုသွားရအောင်"
မေသော်စစ်က တင်ပါးပေါ်ရောက်နေသည့် ဆံပင်အရှည်ကြီးများကို ဖဲပုဝါအဖြူလေးနှင့်စုချီထားပြီး အဖြူရောင်ခြည်ဇာလေးကို လက်ဖောင်းအင်္ကျီလေးနှင့် အနက်ရောင်ကချင်လုံခြည်လေးတွဲဖက်ကာ ယဉ်ယဉ်လေးဝတ်ထားသည်မို့တစ်မူထူးကာချစ်စဖွယ်ကောင်းနေလေသည်။
Christineကမူ ပန်းနုရောင် အပွင့်သေးသေးလေးများပါ၍ ခြေသလုံးထိရှည်သောလက်ပြတ်ဂါဝန်လေးကိုဝတ်ဆင်ထားသည်။ ကပြားမလေးမို့အဝတ်အစားဝတ်တာရဲတင်းလှပြီး ခန္တာကိုယ်ကောက်ကြောင်းကြောင့် sexyဆန်၍ကျော့ရှင်းလှပနေသည်။
ပန်းကလေးများသည် သူ့အရောင်အဆင်၊သူ့အနံနှင့်တင်တယ်လှပသကဲ့သို့ မိန်းခလေးတိုင်းသည်လဲ သူ့အလှတရားနှင့်သူ လှပတင့်တယ်ပါပေသည်။
YOU ARE READING
Behind The Heart
RomanceZawgyi: နှလုံးသားရဲ့ နောက်ကွယ်မှာ ဖြူ စင်တဲ့ချစ်ခြင်းမေတ္တာတွေရှိတယ် အဲ့ဒီချစ်ခြင်းမေတ္တာတွေမှာ စည်းတွေ၊ဘောင်တွေမရှိဘူး ကန့်သတ်ချက်နယ်နိမိတ်တွေမရှိဘူး မဆုံဆည်းနိုင်ခဲ့ဘူးဆိုရင်တောင်မှ လက်ပြနူတ်ဆက် ပြုံးပြနိုင်မယ်မလား......။ Unicode: နှလုံးသားရဲ့ နော...