Unicode:
Academy အနုပညာသင်တန်း
ဒီသင်တန်းက အနုပညာနယ်ပယ်မှာ နာမည်အတော်ရနေတဲ့ သင်တန်းတစ်ခုဖြစ်သည်။အနုပညာဝါသနာပါတဲ့ လူငယ်အများစုရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ပေးတဲ့ သင်တန်းတစ်ခု။တစ်ချို့သူတွေက ဒီသင်တန်းဟာ အကတစ်ခုပဲ သင်ပေးတယ်လို့ပဲသိကြတာများတယ်။ အမှန်တော့ ဒီသင်တန်းက အနုပညာနဲ့ ပတ်သတ်တဲ့အရာမှန်သမျှကို ဝါရင့်ဆရာ၊ဆရာမများက သေသေချာချာသင်ပြပေးပြီး အောင်မြင်တဲ့လမ်းကြောင်းပေါ်ရောက်သည်အထိ သင်တန်းသားများကို အစစ အရာရာတာဝန်ယူဆောင်ရွက်ပေးသည်။ကိုယ့်ဘက်က သေချာကြိုးစားဖို့တော့ လိုအပ်တာပေါ့။
ဒီအကြောင်းတွေကို ရှိုင်းဝေယံအကုန်သိနေခြင်းက သူ ဒီသင်တန်းကို တက်ရောက်ရန် အရင်ထဲက စိတ်အားထက်သန်နေခဲ့သည်။အခြေအနေမပေးသေးလို့ မတက်ရောက်ရသေးပေမယ့် အကုန်လုံးသိအောင် စုံစမ်းထားခြင်းဖြစ်သည်။
သင်တန်းသို့ရောက်လာသော်လည်း မင်းခက်ထန်ရဲ့အခန်းကို ရှိုင်းဝေယံမသိ။အစထဲက မတည့်တဲ့သူများဖြစ်နေတော့ သေချာလဲမမေးဖြစ်ခဲ့ပေ။
မေသော်စစ်တော့ သိရင်သိမှာပါ။
"မေသော်စစ် နင်မင်းခက်ထန်ရဲ့ အခန်းကိုသိလား"
"မသိဘူး ဒါပေမယ့် ငါ့ညီမလေးသိတယ် သူ့ကိုဖုန်းဆက်ကြည့်လိုက်မယ်"
ငါးမိနစ်လောက်ကြာတော့ မေသာ်စစ်ညီမဆိုသောကောင်မလေးတစ်ယောက် ရောက်လာလေသည်။ ဖြူဖွေးလှသောအသားအရည်၊ဆွဲဆောင်မှုရှိလှသော ခန္ဓာကိုယ်ကောက်ကြောင်း၊ချစ်စရာကောင်းသောအပြုအမူလေးတွေ စတဲ့အရာအားလုံးရှိသော ထိုကောင်မလေးက ရှိုင်းဝေယံရဲ့ စိတ်ကူးပုံရိပ်ထဲက မိန်းကလေးဖြစ်နေသည်။သို့သော်လည်း ထိုကောင်မလေးသည် စိတ်မကောင်းစွာဖြင့် မေသော်စစ်ညီမဖြစ်နေသည်။ ရှိုင်းဝေယံ စိတ်ထဲကနေ တိတ်တိတ်လေးကျိန်ဆဲလိုက်သည်။
"ဟဲ့ ရှိုင်းဝေယံ သွားမယ်လေ ဘာရပ်လုပ်နေတာလဲ"
" အေး အေး"
စိတ်ကူးထဲက အမြန်ရုန်းထွက်ခဲ့ရသော သနားစရာ ရှိုင်းဝေယံ.......။
![](https://img.wattpad.com/cover/182764309-288-k961743.jpg)
YOU ARE READING
Behind The Heart
عاطفيةZawgyi: နှလုံးသားရဲ့ နောက်ကွယ်မှာ ဖြူ စင်တဲ့ချစ်ခြင်းမေတ္တာတွေရှိတယ် အဲ့ဒီချစ်ခြင်းမေတ္တာတွေမှာ စည်းတွေ၊ဘောင်တွေမရှိဘူး ကန့်သတ်ချက်နယ်နိမိတ်တွေမရှိဘူး မဆုံဆည်းနိုင်ခဲ့ဘူးဆိုရင်တောင်မှ လက်ပြနူတ်ဆက် ပြုံးပြနိုင်မယ်မလား......။ Unicode: နှလုံးသားရဲ့ နော...