Zawgyi:
နောက် ငါးမိနစ်ခန့်အကြာ မီးပြန်လာ၍ မီးစက်နိုးတာရပ်သွားမှ နွေဦးကမ္ဘာ ဖြတ်ခနဲ သတိပြန်ဝင်လာသည်။
"ဆော်....ဆောရီး.ဆော်ရီးကွာ
ဘယ်...ဘယ်နားနာသွားသေးလဲ""မ....မနာပါဘူး
သော်စစ်က အနောက်ကနေ
အကို့ကို လန့်အောင်ခြောက်မို့လုပ်တာ..အခုကျ..."မေသော်စစ် ရှက်ရမ်းရမ်း၍ အလူးအလဲထရပြန်သည်။ ဒီကနေ့မှ baby pink ရောင်ဂါဝန်အရှည်လေးဝတ်လာမိ၍တော်သေးသည်ဟုဆိုရမည်။ ယခင်ရက်များကဲ့သို့ မြန်မာဝတ်စုံဝတ်လာလျှင် မေသော်စစ်ပို၍အိနြေ္ဒပျက်နိုင်သည်။
"အကို "
"ဗျာ"
နွေဦးကမ္ဘာက အထည်တွေကို ပြန်စီနေရင်းမှ မေသော်စစ်ဘက်မလှည့်ပဲထူးသည်။ နွေဦးကမ္ဘာပန်းနုရောင်သန်းနေသောမျက်နှာပြင်ကြောင့် မေသော်စစ် ရီရခက်၊ငိုရခက်ပင်ဖြစ်ရပြန်သည် ။
"အထည်တွေက အကုန်လှနေတော့မရွေးတက်ဘူး
ပိုဆိုးတာက ယောကျာ်းလေးပုဆိုးကိုသော်စစ် မရွေးတတ်ဘူးမို့ ကူရွေးပေးပါလားအကို""အော်....ရွေးပေးမယ်လေ"
မေသော်စစ် သူ့ကိုငေးကြည့်နေမိသည်။ စာပင်တော်သည်ထင်ခဲ့သောမှတ်ချက်ကိုပြန်ပြင်ရမလိုပင် ဖြစ်နေသည်။ နှာတန်စင်းစင်းလေးနှင့် ယောကျာ်းပီသသော မေးရိုးများ နှုတ်ခမ်းမွှေးရိတ်ထားသော်လည်း စိမ်းမြနေသော နှုတ်ခမ်းမွှေးရေးရေးလေးများဖြင့် အနီးကပ်ကြည့်လေပိုခန့်ညားလာသလိုပင်ရှိပြန်သည်။
"ဘာကြည့်နေတာလဲ "
"ရှင်...ဟို..အထည်တွေကိုကြည့်နေတာပါ လှတယ်နော်အဆင်တွေက"
သူခိုးလူမိသွားသည့်အဖြစ်ကြောင့် ဒီတစ်ခါ အရှက်ရသူက မေသော်စစ်ဖြစ်သည်။ ထိုစဉ် အပေါ်ထပ်သို့ တက်လာသည့် ခြေသံကြားလိုက်သည်။
"အကိုလေး...အောက်ထပ်ကမောင်လေးက
အရေးကြီးသွားစရာရှိလို့ ပြန်သွားတယ် ဒီကညီမလေးကိုပြီးရင်ဖုန်းဆက်လိုက်ပါတဲ့ လာကြိုနိုင်ရင်လာကြိုမယ်တဲ့""ဟာ..ဂျွန်ကတော့
ဟုတ်ကဲ့ ကျေးဇူးနော်အမ""အော်.မိုး ဆိုင်လချုပ်စာရင်း မေမေ့စားပွဲပေါ်တင်ထားလိုက်
ယက္ကန်းရုံကအပြန် ဝင်ကြည့်မယ်တဲ့"

YOU ARE READING
Behind The Heart
RomanceZawgyi: နှလုံးသားရဲ့ နောက်ကွယ်မှာ ဖြူ စင်တဲ့ချစ်ခြင်းမေတ္တာတွေရှိတယ် အဲ့ဒီချစ်ခြင်းမေတ္တာတွေမှာ စည်းတွေ၊ဘောင်တွေမရှိဘူး ကန့်သတ်ချက်နယ်နိမိတ်တွေမရှိဘူး မဆုံဆည်းနိုင်ခဲ့ဘူးဆိုရင်တောင်မှ လက်ပြနူတ်ဆက် ပြုံးပြနိုင်မယ်မလား......။ Unicode: နှလုံးသားရဲ့ နော...