Zawgyi:
သာယာလှပသော နံနက်ခင်းတစ်ခု...
ကန်ဘောင်လမ်းတွင် လေ့ကျင့်ခန်းလုပ်နေသူများပြည့်နှက်နေသည်။
ထိုလေ့ကျင့်ခန်းလုပ်နေတဲ့သူတွေအထဲတွင် ရှိုင်းဝေယံဆိုတဲ့ကောင်လေးတစ်ယောက်လဲအပါအဝင်ဖြစ်သည်။ရှိုင်းဝေယံဆိုတဲ့ကောင်လေးသည် မနက်ခင်းစောစောထ၍ လေ့ကျင့်ခန်းကိုအမြဲလုပ်လေ့ရှိသည်။ကျန်းမာရေးလိုက်စားပြီး သွက်သွက်လက်လက်ထက်ထက်မြတ်မြတ်နှင့် ချောမောလှသောရုပ်ရည်ကိုပိုင်ဆိုင်ထားသူဖြစ်သည်။ဒီနေ့တော့ ရှိုင်းဝေယံ လေ့ကျင့်ခန်းကို ခါတိုင်းနေ့တွေထက် စောစောထလုပ်ဖို့ အိမ်ကထွက်လာခဲ့သည်။ဒီနေ့ တက္ကသိုလ်စတက်သည့်ပထမဆုံးနေ့ဖြစ်သည့်အတွက် ပြင်ဆင်စရာရှိတာများကိုပြင်ဆင်ပြီး ကျောင်းစောစောသွားရန်ဖြစ်သည်။လေ့ကျင့်ခန်းလုပ်တာနာရီဝက်ပြည့်သွားပြီဖြစ်သည့်အတွက် အိမ်ပြန်ရန် နောက်သို့လှည့်လိုက်သည့်အချိန်တွင် လူတစ်ယောက်နဲ့အမှတ်မထင် ဝင်တိုက်မိသွားသည်။ ထိုလူမှာရှိုင်းဝေယံနဲ့ဝင်တိုက်မိပြီး လက်ထဲတွင်ကိုင်ထားသော ကော်ဖီနှင့်မုန့်များအကုန်မြေကြီးပေါ်သို့မှောက်ကျသွားသည် ။"ဟေ့ ချာတိတ် မင်းဘယ်လိုလုပ်လိုက်တာလဲ လူတစ်ယောက်လုံးလမ်းလျှောက်လာနေတာမမြင်ဘူးလား မင်း မှာမျက်စိမပါဘူးလား ဟမ်.."
ရှိုင်းဝေယံ အစကတော့ သူကြောင့်ထိုလူ့မုန့်များမှောက်ကျသွားသည့်အတွက် အားနာပြီး တောင်းပန်စကားပြောမလို့ဖြစ်သည်။အခုတော့ ထိုလူကြီးရဲ စကားသံကိုကြားပြီး စိတ်ပြောင်းသွားသည်။ရှိုင်းကိုဒီလိုလေသံမျိုးနဲ့လာပြောလို့ရမလား......
"ဒီမှာ ဟေ့လူ ဒီလိုမျိုးဖြစ်သွားတာ ကျွန်တော်တစ်ယောက်ထဲရဲ့အမှားမဟုတ်ဘူး ခင်များအမှားလဲပါတယ် ကျွန်တော်က ရုတ်တရက်လှည့်လိုက်လို့ ခင်များနဲ့တိုက်သွားတယ်ဆိုပေမယ့် ခင်များက ကျွန်တော့နောက်မှာ ကပ်ပါလာတဲ့သူလေ ခင်များ ကျွန်တော့်ကိုမြင်ရမှာပေါ့ ကျွန်တော့်နောက်ကျောမှာမျက်လုံးမှမပါတာ
ခင်များက ရှေ့တည့်တည့်ကိုကြည့်ပြီးလမ်းလျှောက်နေတဲ့သူလေ ခင်များကကြည့်ရှောင်ရမှာပေါ့ "

YOU ARE READING
Behind The Heart
RomansaZawgyi: နှလုံးသားရဲ့ နောက်ကွယ်မှာ ဖြူ စင်တဲ့ချစ်ခြင်းမေတ္တာတွေရှိတယ် အဲ့ဒီချစ်ခြင်းမေတ္တာတွေမှာ စည်းတွေ၊ဘောင်တွေမရှိဘူး ကန့်သတ်ချက်နယ်နိမိတ်တွေမရှိဘူး မဆုံဆည်းနိုင်ခဲ့ဘူးဆိုရင်တောင်မှ လက်ပြနူတ်ဆက် ပြုံးပြနိုင်မယ်မလား......။ Unicode: နှလုံးသားရဲ့ နော...