part-3

5.2K 119 0
                                    


"အင်း...."

အပြာနု​ရောင်​အိပ်​ယာထက်​က
ဖြူ ​ဖျော့​သောလက်​သွယ်​သွယ်​​လေးညင်​သာစွာလှုပ်​ခတ်​ရင်း
ညီးညူသံပြုသည်​။
အသက်​ရှူ သံဟာတဖြည်းဖြည်းချင်းပြင်းထန်​လာသည်​။

"တီ တီ တီ တီ....."

ဘေးဘီဝဲယာတွင်​လူတစ်​​ယောက်​မှရှိမ​နေသည်​မို့
ဤအဖြစ်​အပျက်​ကိုသတိမပြုမိနိုင်​ကြ​ချေ။
အချက်​​ပေးသံမြည်​လာမှ
တာဝန်​ကျဆရာဝန်​နှင့်
သူနာပြုအ​ပြေးအလွှား​ရောက်​လာသည်​။

"အုပ်​ထိန်းသူ​တွေကိုဆက်​သွယ်​ပါ "
ဆရာဝန်​၏​ပြောကြားချက်​​အပြီးတွင်​ သူနာပြုသည်
ကုတင်​​ခြေရင်းမှ လူနာမှတ်​တမ်းရှိဖုန်းနံပါတ်​ကိုမှတ်​သားကာ
ဆက်​သွယ်​​သည်​။

"လူနာလျှမ်းဆက်​ခရဲ့အိမ်​ကပါလား
လူနာထူးခြားမှုရှိလာလို့ပါ "

ဒေါ်မာလာ ​ဆေးရုံသို့ ချက်​ချင်း​အ​ရောက်သွားသည်​။
လျှမ်းဆက်​​ဆေးရုံနှင့်​နီး​သော ​နေရာတွင်​လာ​ရောက်​​ပြောင်း​ရွှေ့​နေထိုင်​​နေ​သော​ကြောင့်​ ၁၀မိနစ်​​လောက်​သာကြာသည်​။
လျှမ်းဆက်​ကားနှင့်​ တခြားကား တိုက်​မိခဲ့​သော်​လည်း
လျှမ်းဆက်​အကြီးအကျယ်​ဒဏ်​ရာမရခဲ့ပါ ....
ကားမှန်​အကွဲတချို့​ကြောင့်​ ခြစ်​မိသည့်​ ဒဏ်​ရာနှင့်
ပွန်းပဲ့ရုံသာဖြစ်​ခဲ့သည်​။
သို့​သော်​........
လျှမ်းဆက်​ အဲ့အချိန်​ထဲကသတိပြန်​မရလာခဲ့တာ
၃လပင်​ရှိ​နေ​ချေပြီ။

ဆေးရုံအုပ်​ကြီးကိုယ်​တိုင်​ပင်​ နားမလည်​နိုင်​​သော
အ​ခြေအ​နေဖြစ်​သည်​မို့ အထူးဂရုစိုက်​​စောင့်​ကြည့်​​နေကြ​လေသည်​။အခု.....

"ဆရာ သားသား ဘယ်​လိုဖြစ်​တာလဲ "

ရောက်​​ရောက်​ချင်း ​ဒေါ်မာလာ အ​မောတ​ကော​မေးသည်​။
သို့​သော်​ ဆရာဝန်​သည်​​ခေါင်းခါလျက်

"ဒီတိုင်း ခန္ဓာကိုယ်​ကကြွက်​သား​တွေလှုပ်​ရှားတာ
သတိမလည်​လာ​သေးဘူး "

ဒေါ်မာလာ ​ဖျော့​တော့စွာ လဲ​လျောင်း​နေ​သော သားဖြစ်​သူကို
အရမ်းပင်​ သနား​နေမိ​ချေပြီ...
လျှမ်းဆက်​အခုလိုကုတင်​​ပေါ်လဲ​လျောင်း​နေချိန်​အတွင်းမှာမှ
ဒေါ်မာလာ သူ့ကိုယ်​သူပြန်​​တွေးကြည့်​မိသည်​။
လျှမ်းဆက်​နဲ့တူတူ အပြင်​မသွားဖူးဘူး
သူ့ ကို ချစ်​တယ်​လို့မ​ပြောဖူးဘူး
သူ့ အတွက်​ ထမင်းမချက်​​ပေးဖူးဘူး
သူ့ အင်္ကျီ​လေး​​တွေမ​လျှော်​​ပေးခဲ့ဖူးဘူး
သူဂျီကျတာမခံဖူးဘူး
သူ့လက်​သည်းရှည်​​တွေဘယ်​သူညှပ်​​ပေးခဲ့တာလဲ
(A/N ကိုယ်​ ညှပ်​​ပေးတာ ကိုယ်​ညှပ်​​ပေးတာ 😝😷)
လျှမ်းဆက်​နဲ့တိုင်​ပင်​​ဆွေး​နွေးတာမျိုး​တွေမလုပ်​ဖူးဘူး
သူမကိုသူမအခုထိရင်​နာလို့မဆုံးနိုင်​​တော့ပြီ။

သတိ​မေ့​နေ​သော်​လည်း အကြားအာရုံသည်
အလုပ်​လုပ်​နိုင်​စွမ်းရှိသည်​ဟု ​ဆရာဝန်​က​ပြောထားသည်​။
ထို့​ကြောင့်​ သူ့ကိုစိတ်​ဓာတ်​ကျ​စေတဲ့စကားမျိုး
သူစိတ်​မ​ကောင်းဖြစ်​​အောင်​ ငိုတာမျိုး မ​လုပ်​ဖို့
သူစိတ်​ချမ်းသာရမဲ့အရာ​တွေကိုသာ​ပြော​ပေးဖို့
ပုံပြင်​နဲ့ က​ဗျာ​လေး​တွေဖတ်​ဖို့ကို​တော့
ဒီ​ရေကတာဝန်​ယူတယ်​။

To My dearest.....(Completed!)Where stories live. Discover now