Hey guys,I want to recommend "You are the reason-Calum Scott" for BGM.
"ချစ်တယ်သွေး "
"အွန်း "
ကျွန်တော်သူမကိုချစ်လားမချစ်လား
ကိုယ်တိုင်တောင်မသေချာ.....
ညီကနေမင်းဆို
L ကလမင်းဆိုတဲ့ ဖြစ်တည်မှုမျိုးဘဲ
ကိုယ်စီတစ်မျိုးစီစွမ်းနိုင်ကြတယ်။
ဒါပေမဲ့
ကိုယ်ကရွေးချယ်တာနဲ့
ကိုယ့်ကိုရွေးချယ်တာကြမတူဘူး..."အဟိ....."
လူရှေ့သူရှေ့တွင်မိမိပါးအား
ပိုင်စိုးပိုင်နင်း အတင်းလာနမ်းသူကြောင့်
နေသွေးခန့်အနေခက်သွားရသည်။"L လူတွေနဲ့လေ "
"ကိုယ့်ရဲ့အချစ်ကိုဖော်ပြဖို့ မရှက်ပါနဲ့သွေးရဲ့ "
"ဒါပေမဲ့လည်း....."
ကျွန်တော်စကားမဆုံးခင်မှာပင်ကျွန်တော်ရင်ခွင်ထဲအတင်း
တိုးဝင်နေသူ
အလိုက်တသိ တိုးဖက်ထားပေးတော့ ရှက်စနိုးနှင့်ပြုံးနေမည်ကိုကျွန်တော်တွေးရင်း ကြည်နူးရသည်။ညီသာဆိုရင်......
°•°•°•°•°•°•°
နေသွေးခန့်Allyတို့အဖွဲ့နှင့်အတူ
စစ်ဘေးရှောင်ဒေသသို့ရောက်ရှိနေခြင်းဖြစ်သည်။
နေသွေးခန့်နှင့်အဖွဲ့ထဲကခပ်ငယ်ငယ်ကောင်လေးတစ်ယောက်တို့သည်ရိက္ခာသယ်ယူရန်ထွက်လာကြသည်။
အသွားတွင်အခြေအနေကောင်းသော်လည်း
အပြန်တွင်တော့ထင်ထားသလိုဖြစ်မလာခဲ့...လမ်းတွင်မြေမြှုပ်မိုင်းထိသည်။
ကားမှာ စစ်ဘက်တွင်သုံးသော
ရိက္ခာသယ်ကားဖြစ်သည်။
မိုင်းထိသောအခြမ်းသည်
လိုက်ပါစီးနင်းသူ၏နောက်ကျောဘက်နားတွင်ပေါက်ကွဲခြင်း
ဖြစ်ပြီး ကားတဝက်လောက်ရိက္ခာတွေမီးလောင်သွားသည်။
အဖော်ပါလာသောကောင်လေးမှာတော့
ဒဏ်ရာပြင်းထန်စွာရပြီး ထိုနေရာတွင်ပင်ဆုံးပါးသွားရသည်။
နေသွေးခန့်ကတော့
ကားတစ်ဖက်ခြမ်းကိုလွင့်စဉ်ထွက်သွားကာ
ဘေးမှာကျောက်ဆောင်နှင့်ပြင်းထန်စွာ.......
YOU ARE READING
To My dearest.....(Completed!)
Romanceကိုယ်သာနေကြာပန်းဆိုရင် မင်းက နေမင်း ညီ... နေကြာပန်းဆိုတာ နေမင်းကြီးရှိရာအရပ်ကိုသာ မျက်နှာမူတယ်.... ကိုယ်လည်း.........