part 5(Unicode)

4.5K 172 3
                                    

ဦးခန့်​ညားသည်​ကိစ္စတစ်​ခုကိုအ​လေးအနက်​စဉ်းစားလျက်​
​တွေး​တွေးဆဆနှင့်​

"ဖြစ်​ပါ့မလား သားငယ်​ရာ "

"ဖြစ်​ပါတယ်​uncle​လေးရာ သားမငယ်​တော့ပါဘူး "

တကယ်​တော့ facebookထဲက တနိုင်​တပိုင်းပရဟိတ group​လေးတစ်​ခုနှင့်​နေ​သွေးခန့်​ဆက်​သွယ်​မိပြီး
ထိုအဖွဲ့ထဲသို့ဝင်​ပြီး​ကြောင်း​ပြော​သောအခါ ဒီအထိလက်​ခံ​သေးသည်​။
သို့​သော်​ပြဿနာက...

"သားလို လူငယ်​တွေချည်းဘဲ​လေ
သားသွားချင်​တယ်​အဲ့​နေရာက​ခေါင်​တယ်​ဆို​ပေမဲ့
အဆင်​ပြေမှာပါ
​အဲ့​နေရာမှာအရမ်းခက်​ခဲ​နေတယ်​
အဲ့ဒါသားတို့လိုအပ်​တာသွားလှူဒါန်းကြမယ်​စိတ်​ခွန်​အား​တွေ​ပေးမယ်​
သူတို့ဘဝ​လေး​တွေတိုးတက်​လာ​အောင်​
အသိပညာ​တွေမျှ​ဝေမယ်​အတတ်​ပညာ​တွေသင်​ပေးမယ်​
​သား သွားပါရ​စေ "

တိုးဝင်​သွား​သောအသံနှင့်​
ညှိုးငယ်​နေ​သောမျက်​ဝန်းအစုံတိုဟာအားချင်းပြိုင်​လျက်​....
ဦးခန့်​ညား သက်​ပြင်းကိုချပြီး....

"ဘယ်​လောက်​ကြာမှာလဲ"

"အချိန်​ကမ​သေချာဘူး
သူတို့ကစက်​ပစ္စည်းဆိုတာ​တောင်​မမြင်​ဖူးတဲ့​နေရာမှာ​နေ​နေတာဆို​တော့ကြာမယ်​ထင်​တယ်​ရှေးရိုးစွဲအယူ​တွေကိုလည်းပြင်​ပေးရဦးမယ်..."

"ကတိတစ်​ခု​ပေး..."

​နေ​သွေးခန့်​လင်းလက်​သောမျက်​ဝန်းအစုံနှင့်​ခေါင်းငြိမ့်​သည်​။

"ဘာတစ်​ခုမှမဖြစ်​ဘဲအိမ်​ကိုပြန်​လာပါ့မယ်​လို့"

"ဟုတ်​သား ကတိ​ပေးတယ်​"

ထိုအခါမှ
ဦးခန့်​ညား ပြုံးပြီး​နေ​သွေးခန့်​ဆံပင်​တို့အားဖွပြစ်​ကာ

"ကြည့်​ပါဦးကွာ ဆံပင်​တွေလည်းရှည်​နေပြီ
Shaveလဲမလုပ်​ဘူး
နှုတ်​ခမ်း​မွှေး​တွေလည်းရှည်​လို့ ..."

​နေ​သွေးခန့်​ခေါင်းငုံ့လျက်​

"ကိုယ့်​ကိုယ်​ကို​တောင်​ဂရုမစိုက်​မိတဲ့အထိပဲ......"

ခန့်​ညား ဘာကိုဆိုလိုမှန်း​သေချာမသိ​သော်​လည်း

"သားငယ်​ဒီည အပြင်​မှာထွက်​စားရ​အောင်​..."

To My dearest.....(Completed!)Dove le storie prendono vita. Scoprilo ora