"မင်း ဒါဘာလုပ်လိုက်တာလဲ ဒါမင်းနဲ့ဆိုင်လား
သူတို့ကိစ္စလေ မင်းကွာ "ဖုန်းကိုကိုင်ကာအခန်းထဲဝင်လာသောစိုင်းအသံကြောင့်
ဇနီးဖြစ်သူလန့်သွားပြီး"မောင် ဒီလိုအော်စရာမလိုဘူး
ရှင်းရတုကဟိုနေ့က
နေသွေးခန့်နဲ့ဟိုကောင်လေးပုံလာပြတယ်
ရတုလဲ Ally့ ကိုမိန်းမချင်းကိုယ်ချင်းစာတယ်
သူကနေသွေးခန့်တမျက်နှာနဲ့ ဒီကိုလိုက်လာခဲ့တာ ""နေစမ်းပါဦး မင်းကဘယ်တုန်းကAllyနဲ့အဲ့လောက်ရင်းနှီးသွားရတာလဲ "
"မောင့်လေသံကိုလျှော့လိုက် ပြီးမှပြောမယ် "
"မလျှော့နိုင်ဘူး နေကြီးစိတ်ကိုငါသိတယ်
သူက ရည်ရွယ်ချက်တစ်ခုကြောင့်ပဲဖြစ်လိမ့်မယ်
ပြီးတော့
လျှမ်းဆက်ကအရမ်းရိုးသားတာ ခုတော့
မင်းလုပ်ရပ်ကကွာ မင်းတို့မိန်းမတွေကိုနားမလည်တာအဲ့တာတွေလည်းပါတယ် "ရှင်းရတုသည်စိုင်း၏ခယ်မဖြစ်ကာ
ခုမှကျောင်းစတတ်နေသည့်
Fujoshiမလေးဖြစ်သည်။
(A/N မှတ်မိကြရဲ့လား )
စိုင်းကအစ်မဖြစ်သူကိုလက်ထပ်ပြီး
မိန်းကလေးအိမ်တွင်သာလိုက်နေသည်။
ဆယ်ကျော်သက်ကောင်မလေးပီပီမဟုတ်တာတွေနှင့်
ပျက်စီးနေသည်မဟုတ်ဘဲ
Fujoshiဆိုတော့ တနေ့တနေ့ ရွှေရတုကို
ဘယ်ကောင်လေးနှင့်ဘယ်ကောင်လေးကဘယ်လိုဘယ်ရွေ့ ဆိုကာ
လာလာပြောပြနေကြ
ရွှေရတုကလည်း နားထောင်ပေးပြီး
တခါတလေ သူပါရောပြီးshipပေးနေတတ်သည်ကို
အခုတော့ ဘာမဆိုင်ညာမဆိုင်
စိုင်း ဖုန်းယူသုံးနေစဉ်
လျှမ်းဆက်နှင့်တိုးပြီး
လျှာဝင်ရှည်ခြင်းကြောင့်
စိုင်းနှင့်ရန်ဖြစ်နေခြင်းသာဖြစ်သည်။"မောင်တော်ပြီ မောင့်သူငယ်ချင်းအတွက်နဲ့
ရတုကိုအော်တယ် ဟုတ်လား ""အေး မင်းကရောမောင့်ကိုအသိအမှတ်ပြုသေးရဲ့လား
ခုမှစသိတဲ့သူအတွက်သူများကြားတောင်ဝင်တတ်နေပြီလား
ဟမ်....ရွှေရတု"
ŞİMDİ OKUDUĞUN
To My dearest.....(Completed!)
Romantizmကိုယ်သာနေကြာပန်းဆိုရင် မင်းက နေမင်း ညီ... နေကြာပန်းဆိုတာ နေမင်းကြီးရှိရာအရပ်ကိုသာ မျက်နှာမူတယ်.... ကိုယ်လည်း.........