part 16(Unicode)

2.9K 130 0
                                    

"ဟဲ့​ကောင်​တွေ ငါ့ကိုတံခါးလာဖွင့်​ပေးဦး "

"လာပြီ​ယောက်​ဖ​ရေ"

Rhyme ပုဆိုးကမန်းကတန်းဝတ်​ပြီး
အိမ်​ရှေ့တံခါးစီ​ပြေးရသည်​။
​ကျောင်းယူနီ​ဖောင်းကကြယ်​သီးပင်​မတပ်​ရ​သေး.......

"​အေး မြန်​မြန်​လာ ငါ​လေး​နေပြီ "

Rhyme တံခါးကိုဖွင့်​ပြီး

"တိုးတိုးလုပ်​ပါ​ဗျာ ကိုကိုအိပ်​နေတယ်​"

"​တော်​တော်​ဖျား​နေလား ဒီမှာ သူကြိုက်တဲ့ ငါးဆန်​ပြုတ်​အပန်းမကြီးတာနဲ့ လုပ်​လာခဲ့တယ်​တောင်းတ​နေတယ်​မလား အဲ့လူမမာ "

"​ဟော​ယောက်​ဖတို့ကိုအချစ်​ဆုံးသူငယ်​ချင်းလို့​ပြောရင်​ဘယ်​သူကမယုံမှာကြ​နေတာဘဲ သိ​လိုက်​တာ အချင်းချင်းကို
​ပုံမှန်​ဆို ပိတ်​ရက်​အ​မေတို့လာပို့တဲ့ဟင်း​တွေနဲ့
စား​နေကြ တခါတ​လေ​တော့ ကိုကိုချက်​တာ​လေ
ကျွန်​တော့်​မှာ ဒီ​နေ့မှ ကိုကို့ကိုဘာလုပ်​ပေးလို့လုပ်​ပေးရမှန်းမသိဘူး ခ​နောထုတ်​လေး​တွေ့လို့အဆင်​ပြေသွားတာ​ဗျာ
​နေ့လည်​ကလည်း ငါးဆန်​ပြုတ်​ဘဲစားမယ်​ဆိုပြီး မစားဘဲစိတ်​ကောက်​ပြီးအိပ်​သွားတယ်​"

Rhyme လျှမ်းဆက်​ယူလာ​သော ချိုင့်​အတွင်းမှငါးဆန်​ပြုတ်​အား မီးဖို​ပေါ်တင်​ပြီး စကားအဆက်​မပြတ်​ပြော​နေသည်​။
လျှမ်းဆက်​က​တော့ ဒီ​ရေအခန်းထဲဝင်​သွားကာ အိပ်​ပျော်​နေ​သောဒီ​ရေအား....

"ဝက်​ပု အိပ်​ပျော်​နေလား​နေ​ကောင်းရဲ့လား "

"အင်း....​ရောက်​လာပြီလား "

​အိပ်​ပျော်​နေခြင်းမဟုတ်​ဘဲ​မျက်​စိမှိတ်​ကာမှိန်း​နေ​သော
ဒီ​ရေ အသံကြားရာလှည့်​ကြည့်​လာပြီး
ထ ထိုင်​ရန်​ပြင်​သည်​။

"​နေဦး​လေ ထနိုင်​လို့လား "

လျှမ်းဆက်​ဒီ​ရေကိုသွားထူက​ကျော
နောက်​ခေါင်းအုံးခံကာထိုင်​စေပြီး

"ဘယ်​လိုဖြစ်​တာလဲ​ခေါင်း​တောင်​မထူနိုင်​ဘူးလား"

"မ​မေးနဲ့ ဟို​ကောင်​"

To My dearest.....(Completed!)Where stories live. Discover now