တောက်ပသောနေရောင်ခြည်အောက်တွင်
အနက်ရောင်စလွန်းကားတစ်စီးသည်
အပြေးကလေးခရီးနှင်လျက်ရှိလေသည်။
နှစ်ယောက်ထဲခရီးထွက်ချင်သည်ဟူသော
ပိစိ၏အမိန့်တော်အရ
စီးတော်ယာဉ်ကိုကိုယ်တိုင်မောင်းရင်း
ပါရမီဖြည့်ရတော့သည်။လမ်းတစ်လျှောက်လုံး
သီချင်းဆိုပြလိုက်..
မုန့်စားလိုက်...
နားတဲ့နေရာတွေမှာ
ဓာတ်ပုံရိုက်လိုက်နှင့်ပျော်နေသော
ကလေးပေါက်စကြောင့်
နေသွေးခန့်မှာကားမောင်းရသည်ကိုပင်
ပင်ပန်းသည်ဟုမထင်မိ.....
ထိုအပြင်
လုပ်ချင်တာတွေလုပ်နေရင်းတရွှတ်ရွှတ်နှင့်
လာနမ်းနေတတ်သော
လျှမ်းဆက်ကတော့
ကားစတီယာရင်ကိုကျစ်နေအောင်ဆုပ်ကိုင်ထားသောလက်တစ်စုံကိုမြင်နိုင်မည်မထင်
နေသွေးခန့်မှာတော့...
ထိန်းမရအောင်ခုန်ပေါက်နေသော
ရင်ခုန်သံတစုံတရာအား
သတိမထားမိစေရန်
ရှေ့တည့်တည့်မှ မဲနက်သော
ကတ္တရာလမ်းကိုသာအကြည့်တို့ပို့ထားမိသည်။
မနက်နိုးနိုးချင်းချီတက်လာကြသည်မှာ
ညနေပင်စောင်းလာချေပြီ.....ကျွန်တော့်အဆိုတော်ကြီးလည်း
ပင်ပန်းကာအိပ်ပျော်သွားချေပြီ....
ညနေစာအတွက်
ခရီးတစ်ထောက်နားစရာလည်း
နေရာကမရှိသည်မို့
နေသွေးခန့်စက်ရှိန်ကိုမြှင့်ကာ
လိုရာအရပ်သို့အန္တရာယ်ကင်းကင်း
ရောက်ရန်သာဦးတည်မိတော့သည်။"အကိုနာမည်လေး..."
ဧည့်ကြိုကောင်တာမှမိန်းကလေးတစ်စု၏
အကြည့်တို့က ကျွန်တော့်ရင်ခွင်ထဲတွင်
သိမ်းပွေ့ထားသောကျွန်တော့ကလေးစီမှာ....
တစ်ချက်မျှစူးခနဲ့ကြည့်လိုက်ရင်း
လျှမ်းဆက်၏မျက်နှာအား
ရင်ခွင်ထဲတိုးဝှေ့လျက်
ပျောက်ကွယ်စေလိုက်သည်။
ထို့နောက်တွင်တော့လေသံခပ်မာမာဖြင့်"နေသွေးခန့်ပါ bookingတင်ထားပြီးသားပါ "
"အော်ဟုတ်ကြွပါရှင်"
YOU ARE READING
To My dearest.....(Completed!)
Romanceကိုယ်သာနေကြာပန်းဆိုရင် မင်းက နေမင်း ညီ... နေကြာပန်းဆိုတာ နေမင်းကြီးရှိရာအရပ်ကိုသာ မျက်နှာမူတယ်.... ကိုယ်လည်း.........