part 13(Unicode)

3.3K 151 1
                                    

ခုချိန်​မှာ အဖြစ်​ချင်​ဆုံးဆုတစ်​ခုကို​တောင်းပါဆိုရင်​
ခင်​ဗျားကို ရုပ်​ဆိုး​စေချင်​တယ်​........

​"ခင်​ဗျားနိုင်​ငံခြားမှာ​နေတုန်းက​ရော ဒီလိုပဲလား"

ရုတ်​တရက်​ပြောလာ​သော​လျှမ်းဆက်​ကြောင့်​
​နေ​သွေးခန့်​ဘေးချင်းယှဉ်​ကာ
လမ်း​လျှောက်​နေရာမှလှည့်​ကြည့်​မိသည်​။
လျှမ်းဆက်​က​နေ​သွေးခန့်​ကိုကြည့်​မ​နေပါ
သို့​သော်​မျက်​နှာကပုပ်​သိုးလျက်​....

"ဘာကို​ပြောတာလဲ ညီ "

ထိုအခါကျွန်​တော့်​ကို​ဘေးကဝိုင်းကို​မေး​ငေါ့ပြလျက်​
မျက်​စောင်းပါထိုး​သေးသည်​။
​နေ​သွေးခန့်​လှည့်​ကြည့်​တော့
ဆယ်​ကျော်​သက်​မိန်းက​လေးတစ်​စု
​နေ​သွေးခန့်​တို့ဝိုင်းကို​ခိုးကြည့်​နေကြခြင်းပင်​....

​နေ​သွေးခန့်​ကထိုဝိုင်းကိုပြုံးပြလိုက်​ပြီး
ဒီဘက်​ပြန်​အလှည့်​

"ဝုန်း....."

"ကျွန်​တော်​ပြန်​မယ်​ခင်​ဗျား​နေချင်​နေခဲ့ "

ရုတ်​တရက်​ဖုန်းနှင့်​ပိုက်​ဆံအိတ်​ကိုယူလျက်​ပြန်​ရန်​
​ခြေလှမ်း​နေ​သော လျှမ်းဆက်​ကို​နေ​သွေးခန့်​လှန်းဆွဲရသည်​။

"ညီ ......"

​နေ​သွေးခန့်​ထိုင်​ခုံမှထကာ
လျှမ်းဆက်​နေရာသို့သွားပြီး လျှမ်းဆက်​အား....
ပုခုံးမှထိန်းကိုင်​ကာ ထိုင်​ခုံတွင်​ထိုင်​ရန်​
အနည်းငယ်​တွန်းဖိရင်း......

"သူတို့က ကိုယ်​တို့ကိုship​နေကြတာ
ဟိုမှာကြည့်​လိုက်​"

အမှန်​ပင်​.........
သူတို့နှစ်​ယောက်​အဖြစ်​အပျက်​မှန်​သမျှကို
လက်​သီးကျစ်​ကျစ်​ဆုပ်​လျက်​
မျက်​တောင်​ပင်​မခတ်​တမ်းကြည့်​နေကြခြင်းပင်​.....

လျှမ်းဆက်​လှည့်​ကြည့်​တော့မှ မျက်​နှာအနည်းငယ်​လွဲပြီး

"ဟဲ့ ဆု ငါတို့ကြည့်​နေတာသိသွားပြီ "

"ဟဲ့ ငြိမ်​ငြိမ်​နေငါသိတယ်​"

​နောက်​တစ်ေ​ယာက်​ကအံကိုကြိတ်​လျက်​ပြောသည်​။
​နောက်​တစ်ေ​ယာက်​ကလည်း

To My dearest.....(Completed!)Where stories live. Discover now