part 24(Unicode)

2.7K 128 1
                                    

"ကိုကို​ရေ.....ကျွန်​တော်​ပြန်​ရောက်​ပြီ "

"​ဖြေနိုင်​လား ငယ်​လေး "

ဧည့်​ခန်းတွင်​ထိုင်​လျက်​
ရင်​ဘတ်​အထက်​ပိုင်းမှကြယ်​သီးအချို့အားဖြုတ်​ရင်း
ဒီ​ရေကမ်း​ပေး​လာ​သော​ရေခွက်​ကိုယူကာ
လက်​မ​ထောင်​ပြသည်​။

"ငယ်​မင်းကို​ပြောစရာရှိတယ်​"

မိမိ​ဘေးမှ​နေရာလွတ်​အား
ပုတ်​လျက်​ထိုင်​စေပြီး

"​ပြော​လေ ကိုကို "

"မင်းလည်းဘွဲ့ရ​တော့မှာမဟုတ်​လား "

"အင်း..."

"ငါ​လေ မ​နေ့က ငယ့်​မိဘ​တွေကို​ရော
ငါ့မိဘ​တွေကိုပါ ငါတို့က​လေး​မွေးစားဖို့ကိစ္စကို​ပြောပြပြီး
ခွင့်​တောင်းခဲ့တယ်​"

ဖြစ်​ချင်​တာကိုတကယ်​လုပ်​ဖြစ်​အောင်​လုပ်​သော
ဒီ​ရေ​ကြောင့်​Rhyme​ခေါင်းကြီးသွားရသည်​။

"ဘာ ဘာ တဲ့လဲ ကိုကို "

သိသိသာသာညှိုးငယ်​သွား​သောမျက်​နှာ​ကြောင့်​
Rhyme သက်​ပြင်းကိုချကာ

"ကျွန်​တော်​အဆင်​ပြေပါတယ်​လို့​ပြောသားပဲ ကျွန်​တော်​ကိုကိုပဲရှိရင်​ရပြီ "

"ရတယ်​တဲ့ "

"အင်း​ပေါ့ ဘယ်​ရမလဲ ဟမ်​ရတယ်​ရတယ်​ဟုတ်​လား "

ဒီ​ရေ ပုတ်​သင်​ညို ပမာ​ခေါင်းငြိမ့်​လျက်​
"ဟုတ်​တယ်​ရတယ်​တဲ့ "

​"​နေဦး ကိုကို "

မ​ပြောမဆိုနှင့်​ဒီ​ရေ​ဘောင်းဘီ
ရှည်​အားဆွဲတင်​ကြည့်​သည်​။

"ကိုကိုရာ "

ရင်​ခွင်​ထဲကွက်​တိဝင်​သွား​သော်​လည်း
ဒီ​ရေရုန်းကန်​နေမိသည်​။

"ဒါ​ကြောင့်​ထော့နဲ့​ထော့နဲ့ဖြစ်​နေတာ​ပေါ့
ဒါ​ကြောင့်​ဘောင်းဘီတိုပဲဝတ်​တဲ့သူက
ကျွန်​တော့်​ဘောင်းဘီရှည်​ကြီးယူဝတ်​ထားတာ​ပေါ့ "

"လွှတ်​ငါအသက်​ရှူ ကျပ်​တယ်​တကယ်​ပြောတာ လွှတ်​
အဟွတ်​အဟွတ်​"

"ဟင်​မင်းငို​နေတယ်​မငိုပါနဲ့
၆နာရီ​လောက်​ဒူး​ထောက်​ရတာဘာမှမဖြစ်​ပါဘူး
ခုအဆင်​ပြေသွားပြီ​လေ မဟုတ်​ဘူးလား "

To My dearest.....(Completed!)Where stories live. Discover now