part 14

2.7K 86 1
                                    

ခပ်​လန်းလန်းမိန်းက​လေး​တွေထက်
ခင်​​ဗျားလှုပ်​ရှား​နေတာကိုကြည့်​ရတာ
ပိုပြီးကြည်​နူးဖို့​ကောင်း​နေတာလား......

ခင်​​ဗျားမှာဆွဲ​ဆောင်​မှုရှိတဲ့ ရင်​သား​တွေ
အဲ့ ပြီး​တော့​ကောက်​​ကြောင်း​တွေလည်းမရှိဘူး​လေ...
ဒါကိုကျွန်​​တော့်​လိုstraightတစ်​​ယောက်​ကဘာလို့ချစ်​မိရတာလဲ

ဒါ​ပေမဲ့လည်း ချစ်​မိ​နေတာ​တော့​​သေချာပါတယ်​....

"ညီ.....ငြိမ်​​နေပါလား..........ဟင်​"

ညင်​သာ​သောအသံတစ်​ခုနှင့်​အတူ
နွေး​ထွေး​သောလက်​တစ်​စုံ၏​အထိအ​တွေ့
လျှမ်းဆက်​လက်​ကို ​နေ​သွေးခန့်​ဆုပ်​ကိုင်​လိုက်​ခြင်းပင်​...
လျှမ်းဆက်​ လက်​သီးကျစ်​​နေ​အောင်​ဆုပ်​ထားမိသည်​။

"ညီက​တော့ကွာ...."

နေ​သွေးခန့်​ ရှက်​​​သွေးဖြာ​နေ​သောလျှမ်းဆက်
မျက်​နှာအား ချစ်​စနိုးကြည့်​ရင်းပြုံးသည်​။
တောက်​ပ​သောအပြုံးတစ်​ခုဟာ
လျှမ်းဆက်​ရင်​ကို​ဗရမ်း​ဗတာဖြစ်​​စေနိုင်​စွမ်းရှိ​လေရဲ့......
လျှမ်းဆက်​​ယောင်​ယမ်းပြီး တခြားဘက်​သို့မျက်​နှာလှည့်​ထားမိသည်​။
သို့​သော်​​နေ​သွေးခန့်​က​တော့ ကား​မောင်း​နေရင်း...
လျှမ်းဆက်​လက်​ဝါးကိုဖြန့်​နိုင်​ရန်​မကြိုးစားဘဲ
လက်​သီးစုပ်​​လေးအတိုင်းဆုပ်​ကိုင်​ထားသည်​။
လျှမ်းဆက်​ ​နေ​သွေးခန့်​အားကြည့်ရင်း.....

"အိမ်​ပြန်​​ရောက်​ပြီး ညအိပ်​ပြီးသွားရင်
ကျွန်​​တော်​တို့ "

က​လေးတစ်​​ယောက်​၏အလိုဆန္ဒကိုသိ​သော
လူကြီးတစ်​​ယောက်​ပမာ​နေ​သွေးခန့်​ပြုံးပြီး ထိုလက်​သီးဆုပ်​​လေးကိုပိုမိုတင်းကြပ်​စွာဆုပ်​ကိုင်​ပြီး......

"ညီ့ကိုချစ်​​နေဦးမှာပါကွာ....."

ပြုံး​နေ​သည်​ထင်​.....
ဘေးတစ်​​စောင်းအ​နေအထား​ကြောင့်
နေ​သွေးခန့်​မျက်​နှာကို​သေ​သေချာချာမမြင်​နိုင်​.....
လျှမ်းဆက်​ ဖုန်းကိုထုတ်​ပြီး

"​သေချာ​အောင်​လို့ ....."

နေ​သွေးခန့်​​ ​​ထောင်​ပြ​သောဖုန်းအား
လှည့်​ကြည့်​​တော့
လက်​သီိးဆုပ်​​လေးအားဆုပ်​ကိုင်​ထားသည့်
နေ​သွေးခန့်​၏ လက်​ဖဝါးကြီးကြီးအား မှတ်​တမ်းတင်​ထား​သည့်ဓာတ်​ပုံ.....

To My dearest.....(Completed!)Where stories live. Discover now