part 19

2.1K 82 1
                                    


နှုတ်​ခမ်း​တွင်​​ပေ​နေ​သော​ရေခဲမုန့်​တချို့အား
လက်​မနှင့်​သုတ်​ယူရင်း

"ညီ....."

"အွန်​"

"စား​ကောင်းလား "

"အွန့်​ "

"ကိုယ့်​ဟာ​ရောယူဦးမလား"

"အွန်း "

လျှမ်းဆက်​​လက်ထဲမှ
ရေခဲမုန့်​အားအဆက်​အပြက်​စား​နေရင်း
နေ​သွေးခန့်စီမှတစ်​ကိုက်​လှမ်းကိုက်​​သေးသည်​။
နေ​သွေးခန့်​တစ်​​ယောက်​ လျှမ်းဆက်​တစ်​ခါစားတိုင်း
တစ်​ရှူးနှင့်​တစ်​ခါသုတ်​ရင်းအလုပ်​ရှုပ်​​နေ​တော့သည်​။

"ညီ....ထမင်း​တွေလည်းအများကြီးစားထားတာမဟုတ်​လား
တော်​ပါ​တော့ မကုန်​ရင်​လွှင့်​ပစ်​လိုက်​ "

"ခင်​​ဗျားဝယ်​​ကျွေးထားတာကို......
နှ​မြောစရာကြီး..."

"ညီရာ...."

လျှမ်းဆက်အစားမပြက်​​ပြောလိုက်​​သောစကားဖြစ်​​သော်​ညား
နေ​သွေးခန့်​ရင်​ထဲနင့်​သွားရသည်​။

ညီ ကိုယ့်​ကိုအဲ့​လောက်​​တောင်​ချစ်​တာပဲလား

"ကဲ ညီ ​တော်​ပြီ အ​အေးစာ​တွေ​အရမ်းမစားနဲ့​တော့ "

နေ​သွေးခန့်​ လျှမ်းဆက်​လက်​ထဲမှ​ရေခဲမုန့်​ဘူးအား
လှမ်းယူပြီး ကား​နောက်​ခန်းထဲထည့်​လိုက်​သည်​။
ကန်​​တော့ချွန်​ချွန်​​လေးကို​တော့
လျှမ်းဆက်​ကပါးစပ်​ထဲရ​အောင်​ထည့်​လိုက်​​သေးသည်​။

"ဒါ ခင်​​ဗျားစားလက်​စ "

ကန်​​တော့ခွက်​အားတမြှုပ်​မြှုပ်​ဝါး​နေသည့်
နှုတ်​ခမ်းဖူးဖူး​​လေး.....
ရေခဲမုန့်​အနည်းက​မေး​စေ့ချွန်​ချွန်​တွင်​​ပေ
ကျံ​နေလျက်
ကန်​​တော့ခွက်​နှင့်​ပြည့်​ကာ​ဖောင်း​နေ​သောပါးပြင်​နုနု

နေ​သွေးခန့်​မိမိ​ရှေ့မှ လျှမ်းဆက်​အား 
မြတ်​နိုး​သောအရုပ်​က​လေးတစ်​ရုပ်​ပမာ
ငေးကြည့်​​နေမိသည်​။

အလှဆုံးအပြုံးပိုင်​ရှင်​က မိုနာလီဇာ ဆိုတာ
ညီ မ​မွေးခင်​ကဖြစ်​လိမ့်​မယ်​ ..

To My dearest.....(Completed!)Wo Geschichten leben. Entdecke jetzt