Special part 3(Unicode)

2.3K 110 19
                                    

"ညီ ...ထတော့ စိတ်မဆိုးပါနဲ့ကွာ.."

မနက်ခင်းရဲ့ဆည်းလည်းဖြစ်တဲ့ငှက်ကလေးတွေတော့ အသံညံလျပ်
အစာရှာထွက်နေချေပြီ
ကျွန်တော့်ရဲ့
ကြက်တူရွေးလေးကတော့
ပါးစပ်ကိုတင်းတင်းစေ့ပြီး
ကောက်နေရှာသည်။

"အာ....စိတ်မကောင်းစရာဘဲ
ဒီနေ့ မနက်စာက ပုဇွန်ထုပ်အကြီးကြီးတွေကို
ကင်ထားတာရယ်
ဂဏန်းကိုမဆလာမွှေးမွှေးလေးနဲ့ချက်ထားတာရယ်
အအီပြေသံပုရာရည်ချိုချိုလေးရယ်"

"တော် တော်ခင်ဗျားပါးစပ်ကြီးပိတ်
မစားပါဘူးလို့များပြောမိလို့လား "

"စားမယ်လို့လဲမပြောဘူးမဟုတ်လား "

"ကျွန်တော်ခင်ဗျားနဖူးကိုလာမတောက်ခင်
ရပ်လိုက်သင့်ပြီနော် "

"အဟား....ကြောက်ပါတယ်ကွာ လာလာ "

"လာမကိုင်နဲ့ "

လက်ကလေးကိုင်ရန်ပြင်နေသော
နေသွေးခန့်၏လက်မှာ
တစ်ချက်လွတ်အမိန့်ဖြင့်
ဘောင်းဘီအိတ်ကပ်ထဲရောက်သွားရချေပြီ။

"နေပါဦး ဘာလို့ဒီလိုကြီးဝတ်ထားတာလဲ"

ထိုအခါနေသွေးခန့်ကမိမိ
အင်္ကျီအိတ်ကပ်အတွင်းမှ
Sun glass အားဟန်ပါပါတပ်လိုက်ပြီး

"Summer style လေ "

ရောင်စုံပန်းပွင့်အကြီးကြီးများဖြင့်
အလှဆက်ထားသော shirt အင်္ကျီကိုကြက်သွေးရောင်ဘောင်းဘီတိုနှင့်
တွဲဖက်ဝတ်ဆင်ထားသည်ကို
လျှမ်းဆက်မျက်လုံးထဲတွင်
ကန့်လန့်ကြီးဖြစ်နေလေသည်။

"အဲ့ဒါဆိုလည်းကိုခန့်ဘာသာဝတ်ပါလား "

ရှေ့မှမြောက်စွစွလမ်းလျှောက်နေသူကတော့
လှည့်ပင်မကြည့်ဘဲ တဟားဟားရယ်သံကြီး
ဖြင့်တုန့်ပြန်လာသည်။ပြီးနောက်

"ညီကမကြိုက်ဘူးလား "

"ကျွန်တော်ကြိုက်ပါတယ် ဒါပေမဲ့
နှစ်ယောက်လုံးတူတူဝတ်ထားတော့တမျိုးဖြစ်နေတယ် "

လျှမ်းဆက်ခေါင်းကုတ်လျက်
စဥ်းစားရခက်နေဟန်ဖြင့်နှေးကွေးစွာလမ်း
လျှောက်လာနေလေသည်။
ထိုခဏ....

"ဟာ.....ကိုခန့် ကိုခန့် အား....."

လျှမ်းဆက်၏ခန္ဓာကိုယ်သေးသေးလေးက
နေသွေးခန့်ပုခုံးထက်တွင်
ထမ်းပိုးခံလိုက်ရသည်။
လျှမ်းဆက်မှာတော့ ဘယ်ကိုင်လို့ကိုင်ရမည်မသိကို့ရို့ကားယားဖြစ်နေလေသည်။

To My dearest.....(Completed!)Where stories live. Discover now