part 15(Unicode)

3.1K 128 0
                                    

Bgm .Like I'm gonna lose you-Meghan Trainor ကိုယ်​အကြိုက်​ဆုံးသီချင်း​ငြိမ့်​ငြိမ့်​လေးနားဆင်​ရင်းဖတ်​ပေးကြပါဦး​နော်​......

​နေ​သွေးခန့်​ညကနှစ်​ခြိုက်​စွာအိပ်​ပျော်​သွားပြီး
မနက်​ခင်းကအရင်​ကထပ်​ပိုပြီးအ​ရောင်​စုံ​နေသည်​။
​နေ​သွေးခန့်​အကြိုက်​မနက်​စာ​တွေကလည်းအဆင်​သင့်​...

​ကြောင်​လိမ်​လှေကားမှ စားပွဲရှိရာမျက်​စိမှိတ်​ရင်း
အသက်​ကိုတဝကြီးရှူ ရှိုက်​ပြစ်​သည်​။
ထိုစဉ်​တစ်​စုံတစ်​ခုကိုသတိရသွားပြီး
ဖုန်းကိုယူကာ ထမင်းစားပွဲတွင်​ထိုင်​သည်​။
ထမင်းစားပြီး၍အချိုတည်း​နေ​သော
Uncle​လေးနှင့်​Allyအား

"Morning...."

ဖုန်းကိုအကြည့်​မပျက်​ဆိုသည်​။
Ally​နေ​သွေးခန့်​ပန်းကန်​ထဲသို့
မုန့်​ဟင်းခါးဟင်းရည်​ထည့်​ပေးသည်​။
​နေ​သွေးခန့်​က​တော့ပြုံးလျက်​စာတချို့ကိုဖတ်​နေသည်​။

လတိုင်းရဲ့ ၂၅ရက်​နေ့တိုင်း
လျှမ်းဆက်​စီမှစာတစ်​စောင်​ပို့ထားတတ်​သည်​။
စာတစ်​ခုချင်းစီတိုင်းက တူညီစွာ ပုဒ်​မ emoji နဲ့ ခြားထားတဲ့
Space အ​ရေအတွက်​ကအစ....

"ခင်​ဗျား ကျွန်​တော့်​စီ ပြန်​လာမှာပါ
ဟုတ်​တယ်​မလား....💙"

ပြန်​လာခဲ့ပါ မဟုတ်​ဘဲ
ပြန်​လာမယ်​မလားတဲ့
အထက်​စီးဆန်​လိုက်​တာ ညီရယ်​......
ဒါ​ပေမဲ့လည်း​စောင့်​နေခဲ့တာမဟုတ်​လား
အဲ့တစ်​ခုထဲနဲ့တင်​ဒီလူက
​မြေပြင်​မှာပြားပြားဝပ်​ပေးမဲ့သူ........

ထိုစဉ်​....

"​က​တောင်​....."

​နေ​သွေးခန့်​တစ်​ခုခု​ပြောရန်​
Type​နေဆဲစာဝင်​လာသည်​။

"​နောက်​ဆုံး​တော့ ကျွန်​တော့်​အမြဲဖြစ်​စေချင်​နေတာဖြစ်​လာပြီဘဲ"

​နေ​သွေးခန့်​မုန့်​ဟင်းခါးတစ်​ဇွန်းခတ်​စားလိုက်​ပြီးပြုံးကာ
Replyပြန်​သည်​။

ကိုယ့်​ကိုပြုံး​စေတဲ့ ညီစုတ်​လေး...

"ဘာကိုလဲ ညီ ညကအိပ်​ပျော်​ရဲ့လား "

ချက်​ချင်းပင်​Typing သ​င်္ကေတ​လေး​ပေါ်လာပြီး

"အင်း.....ခင်​ဗျား account active ဖြစ်​လာပြီ​လေ
​နောက်​ဆုံး​တော့ ခင်​ဗျား password မှတ်​မိသွားပြီ 😝"

To My dearest.....(Completed!)Where stories live. Discover now