စံအိမ်ကြီး၏ခမ်းနားမှုနှင့်အတူ
အလွန်လှပသေသပ်သောပန်းခြံသည်လည်း
ခန့်ညားထည်ဝါလျက်ရှိသည်။
ဦးခန့်ညား၏မိဘအမွေဖြစ်သော
အိမ်ကြီးကိုနှစ်ပေါင်းများစွာထိန်းသိမ်းစောင့်ရှောက်ပေးခဲ့သည့်ခြံစောင့်ကြီး၏ကျေးဇူးကြောင့်မပျက်မစီးရှိနေခြင်းပင်......
(A/N ဘုရားလမ်းကအိမ်အကြီးကြီးကိုမြင်ပေး plzzz)ပန်းရောင်နှင့်ခရမ်းရောင်ရောစပ်နေသောကောင်းကင်ပြင်ကြီးကို အိပ်တန်းပြန်ငှက်ကလေးများနှင့်တန်ဆာဆင်ထားသည်။
နေကျချိန်မို့လေနုအေးလေးကတိုက်ခတ်လျက်ရှိသည်။နီညိုရောင်ဆံသားပျော့ပျော့တို့ကိုထုံးဖွဲ့လျက်
ပန်းပုခတ်လေးထက်တွင်ပျော်ရွှင်နေသော Ally
တစ်ဖက်တွင်လည်း အင်္ကျီလက်တိုကို ဘောင်းဘီရှည်အပွနှင့်တွဲစပ်ဝတ်ဆင်ထားသော ဆံပင်ရှည်ရှည်အမျိုးသားကတော့
ဘောင်းဘီအိတ်ကပ်ထဲလက်တစ်ဖက်ထည့်ကာ
ပန်းပင်တို့ကိုရေလောင်းနေသည်။"သွေး....."
နေသွေးခန့် မိမိစီလျှောက်လာနေသော Allyအား လှည့်ကြည့်ကာ
ခေါင်းငြိမ့်ပြသည်။
လေအဝှေ့ တွင် ဝေ့ဝဲသွားသော ဆံနွယ်တချို့အား
Ally ညင်သာစွာ နားရွက်နောက်ကြားသို့သိမ်းပို့ပေးရင်း"ဟိုလေ L daddy့ ကိုလည်းသွားတွေ့ချင်တယ် "
"ဟင်....L့အဖေကဒီမှာလား "
"မဟုတ်ဘူးသွေး ရန်ကုန်မှာ "
"Awww အင်း.........."
နေသွေးခန့်အနည်းငယ်စဉ်းစားပြီး
"ဒါဆို ဒီလိုလုပ်လေ နက်ဖြန်သွားမယ် ရုပ်ရှင်ရော
ဘယ်လိုလဲ "Ally မျက်ဝန်းမှလခြမ်းလေးပေါ်သည့်အထိပြုံးရင်း
"ကျေးဇူး......သွေး...."
လက်မောင်းတွင်ပါးအပ်လျက် တိုးဝှေးရင်း
ကျေးဇူးတင်စကားဆိုလာသူ....
YOU ARE READING
To My dearest.....(Completed!)
Romanceကိုယ်သာနေကြာပန်းဆိုရင် မင်းက နေမင်း ညီ... နေကြာပန်းဆိုတာ နေမင်းကြီးရှိရာအရပ်ကိုသာ မျက်နှာမူတယ်.... ကိုယ်လည်း.........