"ကိုယ်...ကိုယ်တို့ရေသွားကူးရအောင်
ဟို ညီလဲဗိုက်ဆာနေရောပေါ့ "လျှမ်းဆက်အသက်ကိုကြိုးစားရှူရင်း
"အွန်း....."
သည်လိုနှင့် Hotel ရေကူးကန်တွင်သာရေစိမ်ပြီး
"ကိုခန့်... "
ခုံတန်းလျားပေါ်လှဲနေသောနေသွေးခန့်အနား
သို့ကပ်ခါခပ်တိုးတိုးခေါ်သံပြုသည်။"ဘာလဲ ညီ "
"ဘာလို့ရပ်လိုက်တာလဲ "
လက်မချင်းပွတ်လျက်ခေါင်းကိုငုံ့ကာ....
ရှက်နေဟန်တူသည်။
ဘာကိုဆိုလိုချင်မှန်း
နေသွေးခန့်သိနေသည်။
သို့သော်မည်သည့်စကားကိုမျှမဆိုဖြစ်...တိတ်ဆိတ်နေသောနေသွေးခန့်ကြောင့်
လျှမ်းဆက်ကပင်စကားစသည်။" ကျွန်တော်က ဆွဲဆောင်မှုမရှိလို့လား "
ပြောပြောဆိုဆိုနှင့် ခြုံထားသောတပတ်အဖြူကိုဆွဲခွာပြစ်လိုက်ပြီး...."ကျွန်တော့်မှာ ဖုဖောင်းနေတဲ့ရင်သားတွေမရှိလို့လား "
ဝမ်းနည်းမှုနှင့်အတူသိမ်ငယ်မှုပါရောပြွန်းလာသောအခါမျက်ရည် မြစ်ငယ်ဟာ
မျက်ဝန်းအိမ်ကိုတံခါးခေါက်လာတော့တယ်။"မဟုတ်ပါဘူး ညီ ရာ လာလာ အအေးပတ်မယ် အခန်းထဲရောက်မှကိုယ်ရှင်းပြမယ်နော်
ကလေးထင်သလိုမဟုတ်ဘူး
လုံးဝမဟုတ်ဘူးသိလား....."ပြစ်ချထားသောတပတ်ကိုပြန်ကောက်ကာ
ခန္ဓာကိုယ်ပေါ်ပြန်လွှားပေးရင်း
ပွေ့ချီလာရတော့သည်။
အခန်းထဲရောက်တော့လည်း
ခုတင်ပေါ်တွင်တင်ပေးထားသည့်အတိုင်း
မလှုပ်မယှက်"ကိုခန့်က ကျွန်တော့်ကိုမချစ်ဘူး "
"ကိုခန့်က ကျွန်တော့်ကိုမလုပ်ချင်ဘူး"
"ကိုခန့်က ကျွန်တော့်ကိုမချစ်လို့ မလုပ်တာ "
ဟူသောစကားတို့ကိုသာအလွတ်ကျက်သလိုရွတ်ရင်းနေသွေးခန့်သွားရာနောက်
မျက်စောင်းခဲလျက်လိုက်ကြည့်နေသည်။
နေသွးခန့်မှာလည်း မရှင်းပြအား...
လျှမ်းဆက်ကိုယ်နှင့်ဆံပင်တို့ကိုရေသုတ်ပေးကာစောင်နှင့်ထုတ်ပြီး
အိပ်ယာပေါ်တင်ထားသည်။
အဝတ်တွေရှာရင်း
ခဏကြာတော့ လျှမ်းဆက်နားပြန်ရောက်လာကာအင်္ကျီဝတ်ပေးရန်ပြင်သည်။
ထိုအခါလည်းမငြင်းဘဲငြိမ်ခံနေရှာသည်။
နေသွေးခန့်စိတ်ထဲတွင်တော့အလွန်အသည်းယားနေလေပြီ....
အောက်ပိုင်းကိုလဲရန်ပြင်တော့မှ
YOU ARE READING
To My dearest.....(Completed!)
Romanceကိုယ်သာနေကြာပန်းဆိုရင် မင်းက နေမင်း ညီ... နေကြာပန်းဆိုတာ နေမင်းကြီးရှိရာအရပ်ကိုသာ မျက်နှာမူတယ်.... ကိုယ်လည်း.........