တိတ်ဆိတ်သောရပ်ကွပ်လေးတစ်ခုထဲတွင်
တစ်ထပ်တိုက်ပုကလေးသည်ခြံဝန်းထဲတွင်
ချစ်စရာကောင်းစွာတည်ရှိနေသည်။
ခြံဝန်းလေးထဲတွင်သရက်ပင်ကဲ့သို့အရိပ်ရသောအပင်တချို့နှင့်အလှစိုက်ထားသော ရွက်လှ နှင်းဆီရုံ စံပယ်ရုံတို့နှင့်သေသပ်စွာရှိနေလေသည်။
ခြံရှေ့သရက်ပင်အောက်တွင်ထိုင်ခုံတန်းလေးရှိပြီး
ကောင်လေးတစ်ယောက်စာထိုင်ဖတ်လျက်ရှိသည်။"ပေပေ."
စကားပြောတတ်ခါစ လမ်းလျှောက်တတ်ခါစ ကလေးငယ်၏ မပီတပီခေါ်သံ....
စာဖတ်နေရာမှ ပြုံး၍မော့ကြည့်လာသောသူ.....
ဆံပင်ညိုညိုတို့ကနဖူးပေါ်ဝဲကျလျက်
လက်ချောင်းသွယ်သွယ်တို့ဖြင့်စာအုပ်ကိုအသာအယာဘေးကိုချရင်း...
လက်နှစ်ဖက်ကိုရှေ့ကိုဆန့်တန်းကာ.."လာပါဦးပေပေ့စီကို"
ကလေးငယ်ကပျော်ရွှင်မြူ ထူးစွာ
ပြေးလာသည်။
ရင်ခွင်ထဲတွင်ပွေ့ချီထားတော့ ပုခုံးပေါ်မေးတင်ထားကာ"ပေပေ."
"အွန်း...အိပ်ချင်ပြီးလား သားသား"
လုံးလုံးတုတ်တုတ်လေးဖြစ်သော ကလေးငယ်အား
ပွေ့ချီရင်းချော့သိပ်ရန်ခန္ဓာကိုယ်အား အနည်းငယ်လှုပ်ရမ်းသည်။ကျောပြင်ငယ်အားလည်း အသာအယာပွတ်ရင်းချော့မြူနေသည်။"နေ...."
"ရှူး.....သားသားအိပ်တော့မယ်"
အသံကြားသည်နှင့်ခေါင်းထောင်လာသောကလေးငယ်အားပြန်လည်ချော့မြူ ရင်း အိပ်စေသည်။သို့သော်..
ကလေးငယ်ကားအိပ်မပျော်သေး...
ကကလေးငယ်အား ထိုသူမှလက်ပြောင်းချီတော့
လည်ပင်းအားသိုင်းဖက်ထားသည်။"လာအိမ်ထဲဝင်လေ ...."
"မဝင်တော့ဘူးနေ...ကိုယ်အိမ်ပြန်ရမယ်...သူစောင့်နေတယ်"
နေ ခန့်ညားကိုစိတ်ပျက်သည်။
ခန့်ညားဆိုတာနေချစ်ရတဲ့သူ
သို့သော်......သူကနေထပ်သူ့ကိုယ်သူပိုချစ်တဲ့သူ
သူ့အသိုင်းအဝိုင်းက ဒီလိုကိစ္စကိုရွံရှာကြမှန်းသိတော့
သူနဲ့နေ ချစ်သူဖြစ်တာလည်း ဘယ်သူမှမသိခဲ့ရ
သားသား ရှိလာတာလည်း
ဘယ်သူမှသတိမထားမိအောင်သူသိပ်တော်တယ်။
နိုင်ငံခြားကိုပို့ပြစ်ပြီး...
အဲ့နိုင်ငံမှာဘဲ အိမ်ကပေးစားတဲ့
ကောင်မလေးနဲ့လက်ထပ်ပြီးလာနေတယ်။
ဒါကလည်း သူ့ရဲ့တစ်ဦးတည်းသောသွေးသားဖြစ်တဲ့
သားသားကြောင့်သူ့အမျိုးသမီးက ကိုယ်ဝန်မဆောင်နိုင်ဘူးပြောတယ်။
YOU ARE READING
To My dearest.....(Completed!)
Romanceကိုယ်သာနေကြာပန်းဆိုရင် မင်းက နေမင်း ညီ... နေကြာပန်းဆိုတာ နေမင်းကြီးရှိရာအရပ်ကိုသာ မျက်နှာမူတယ်.... ကိုယ်လည်း.........