"ဒေါက်.....ဒေါက် လျှမ်းလေးရေ... လျှမ်းလေး........"
"ချမ်းယေး.....ချမ်းယေး......လို့ "
လျှမ်းဆက်မနေ့ညကအိပ်ယာဝင်နောက်ကျလွန်းသည်မို့ အိပ်ပျော်နေဆဲဖြစ်သော်လည်း
အလိုက်မသိသောသူငယ်ချင်းနှင့်သားတော်မောင်က
တံခါးဝမှာလာရပ်အော်နေသောကြောင့်
မထချင်ထချင်နှင့်အခန်းတံခါးစီရောက်လာရသည်....."ဘာလဲကွာ......"
ထိုအခါသားတော်မောင်ကိုချီထားသောဒီရေနှင့်
ဒီရေ့နောက်မှ စားစရာတချို့သယ်လာပေးသော
Rhymeတို့ အခန်းထဲဝင်လာကြသည်။
Rhyme အရပ်လည်းအများကြီးရှည်လာပြီး
ပိုပြီးလည်းယောက်ျားပီသလာသည်။
ကလေးအဖေဟူသောအမည်နာမအောက်တွင်
အလွန်ခန့်ညားစွာရှိနေသေးသည်။
ကျောင်းပြီးသွားသော်လည်း သင်တန်းတွေတက်နေဆဲဖြစ်သည်။
နောက်နှစ်ထဲတွင်တော့နိုင်ငံခြားသွားရမည်တဲ့.....ဒီရေကတော့အရင်လို
တုတ်ပုလေးပါဘဲ....
လျှမ်းဆက် ဒီရေ့လက်ထဲမှ
ကာရန်ကိုလက်ပြောင်းချီရင်း"အိပ်ရေးကမဝသေးဘူး နေ့လယ်စာစားချိန်တောင်ရောက်ပြီလား သားရောအိပ်ရေးဝရဲ့လား "
"မဝတာကငါ....."
"ကိုကိုရေ....."
ဒီရေ့စကားများ
Rhyme ၏ကိုကိုရေအောက်ပျောက်ဆုံး......"လေး....papa papa ည ည dadaငိုငို....အီး......"
ကာရန်က ငိုမဲ့မဲ့ပုံစံလုပ်ပြကာ လက်ကလေးနှစ်ခုကိုပွတ်လျက်ဆိုသည်။နှာခေါင်းလေးဆူပွပြွဖင့် ငိုဟန်ဆောင်နေသာ
ကာရန်အားအသည်းယားစွာပါးကိုခပ်ကြမ်းကြမ်းဖိနမ်းလိုက်ပြီး....."ဟုတ်လား papaက ဆိုးလား ကက ကအဲ့တော့ဘာလုပ်နေလဲ"
"နို့နို့ချို့....."
"ဟိတ်ကောင်ရေ
မင်းတို့ ကလေးမအိပ်သေးဘူးလေ ""ဟဲ ဟို ဟိုလေ ကိုကိုကမူးပြီး အရမ်း....."
"အမလေး ငါ...... တော်တိတ် "
"ချက်ချက် "
"ဟုတ်တယ်...ရှက် ရှက် ကက သွားမကြည့်ဘူးမလား "
"နိုးနိုး..."
"အဖေတွေနဲ့ဒီသားနဲ့တော့ခက်ပြီ...."
YOU ARE READING
To My dearest.....(Completed!)
Romanceကိုယ်သာနေကြာပန်းဆိုရင် မင်းက နေမင်း ညီ... နေကြာပန်းဆိုတာ နေမင်းကြီးရှိရာအရပ်ကိုသာ မျက်နှာမူတယ်.... ကိုယ်လည်း.........