Color 4 ( Dear Disney )

6 0 0
                                    

"နင်နဲ့ငါ typeမတူဘူး"

သေချာတာပေါ့ ငါတို့အကုန်တစ်ယောက်နဲ့တစ်ယောက် typeမတူဘူး . . ဝတ်ပုံစားပုံကအစ သောက်ကျင့်တွေထိအဆုံး ဘာဆိုဘာမှမတူဘူး. .

friendship goalဘာညာဓာတ်ပုံရိုက်ဖို့အရေး outfitညှိနေရတာနဲ့တင် ခနခနအစီအစဉ်ပျက်ကြတယ်။ ငယ်ကတည်းပေါင်းလာတဲ့လူတွေမဟုတ်တော့ တစ်ယောက်နဲ့တစ်ယောက်သည်းမခံနိုင်တဲ့အကျင့်ဆိုးတွေလည်းမသိကြတဲ့အခါ ပြသနာလည်းတက်ရတာပဲ။ တစ်ခါတစ်လေ negative moodဝင်နေရင် တစ်ယောက်နဲ့ ငါးယောက် ပြသနာပတ်ရှာမိတာမျိုးတွေလည်း ရှိခဲ့ကြသေးတယ်။

ဒါဖြင့် ဒီလောက် ညှိမရပြုမရsquadကြီးနဲ့ ဘာလို့ဆက်ပေါင်းနေသေးလဲမေးစရာရှိလာတယ်

မပြောတတ်ဘူး . . တစ်ယောက်တည်းနဲ့ တစ်လောကလုံးကိုပတ်ပြီးစိတ်ပျက်နေတုန်းကာလတွေဆို ငါ့မှာ မင်းတို့နဲ့တွေ့မှရယ်နိုင်ပြုံးနိုင်တာကိုး။ လူကြီးတွေလိုအမြဲတမ်းပြောဆိုဆက်ဆံနေရတာအဆင်ပြေမနေဘူးလေ. . အဲ့လိုပင်ပန်းသွားတော့တဲ့အခါ မင်းတို့က ငါလွတ်လပ်ပွင့်လင်းလို့ရတဲ့ ကမ္ဘာငယ်ပဲ။ မင်းစကားမဆုံးသေးခင်လည်းငါဖြတ်ပြောချင်ပြောမိမယ် . . မင်းအခန်းတံခါးကိုလည်း တမင်တကာအပြင်ကနေ ကန့်လန့်ထိုးပိတ်ချင်ပိတ်ပြီး စနောက်မယ် . . ( တချို့ကောင်တွေကိုလဲ အိမ်သာထဲထိ ရေလိုက်ပက်မယ်) . .

အိမ်မှာဖူးဖူးမှုတ်ခံရတဲ့ကောင်တွေ အိမ်မှာ တစ်ဦးတည်းသောတွေ အိမ်မှာအငယ်ဆုံးတွေက ငါလုပ်သမျှ ခွင့်လွှတ်နေကြတော့ မင်းတို့နဲ့ဆုံတဲ့အချိန်ဟာ ငါ့ကိုယ်ငါ အကောင်းအမြင်မိဆုံးအချိန်ပဲ။

ငါအမြဲတမ်းဖြစ်ချင် ပြည့်ချင်နေတဲ့ဆန္ဒတွေ ဆုတောင်းတွေထဲမှာ မင်းတို့ အဆင်မပြေမှုတွေကိုငါနားထောင်ပေးလိုက်တိုင်း သက်သာစေဖို့ ဆိုတာ ပါတယ်။ ပုံမှန်ဆို ငါက လူ့ခွစာဆိုပေမဲ့ သူများစိတ်ညစ်နေတာမြင်ရင် သိပ်သဘောမကျဘူး ဆိုလိုချင်တာကကွာ စိတ်ညစ်မနေစေချင်ဘူး . . မင်းတို့ကိုလဲ အဲ့လိုပဲ . . တစ်ယောက်တည်းနေရင်း အတွေးတွေမများစေချင်တဲ့အခါ သွားလေရာလိုက်ဖို့ခေါ်ချင်တာမျိုးဖြစ်လာတယ်။ အရေးမပါတဲ့caseတွေကို ဆက်ပြီးခေါင်းမလေးစေချင်တဲ့အခါ အရေးမပါတာမို့ မေ့ပစ်လိုက်ပါ ဆိုတဲ့တစ်ခွန်းပဲပြောထွက်မိတာမျိုးတွေရှိဖူးတယ်။ တစ်ယောက်နဲ့တစ်ယောက်ဆုံတဲ့အချိန်ဟာ ဘာမှမဖြသ်သလိုဟန်ဆောင်ပြုံးပြနေရတဲ့မျက်နှာဖုံးတွေမလိုအပ်တာမို့ ဖုန်းတွေofflineလုပ်ပြီး စကားတွေထိုင်ပြောဖို့ နားပူနားဆာလုပ်မိတာမျိုးလည်းခနခနပါပဲ။

ရှေ့လျှောက် ဒီထက်ပိုပျော်စရာကောင်းအောင်နေသွားကြရအောင် ။ ညှိမရပြုမရဖြစ်လာခဲ့ရင်လည်း ပြသနာထပ်တက်ကြဦးမယ် ပြီးရင်ပြန်တောင်းပန်ကြမယ် ။ အတတ်နိုင်ဆုံး မကျေနပ်တာတွေကို ဆက်မြိုသိပ်မထားစေချင်ပဲ ငါတို့တွေပွင့်ပွင့်လင်းလင်းပဲ ခေါ်ပြောဆက်ဆံကြမယ်။ မင်းရဲ့ DarkSideဟာလည်း ငါ့အတွက် ပုံမှန်နယ်မြေတစ်ခုပဲမို့ မျက်ရည်နဲ့အတ္တတွေကို လျှိုမထားစေချင်ဘူး။ အိပ်ရာနိုးချိန်စိတ်မကြည်လို့ထဆဲတာဟာ ဘာအရေးလဲ .. မာလာရှမ်းကောကောင်းမှုနဲ့ ပြသနာတက်ရတော့ရော ဘာဆန်းသလဲ . . သရဲကားမကြည့်ရဲလို့ ရန်ဖြစ်ရတာကရော ဘယ်လောက်အရေးပါလို့လဲ . . ( ဘဲမျက်နှာတစ်ကမ္ဘာထင်နေတဲ့ကောင်တော့ ထည့်မပြောဘူး :)  )

ပြဿ     နာတွေက အရေးမပါဘူး . . မင်းက အရေးပါတာမို့ ငါလက်လွှတ်မခံနိုင်ဘူး။ ဘယ်လိုပဲတွေးတွေး ဒီအသိုက်အဝန်းထဲက နှုတ်ထွက်ဖို့ ငါ့မှာအစီအစဉ်မရှိတာမို့။

The Real MeWhere stories live. Discover now