Color 21(Freedom)

2 0 0
                                    

အရင်တုန်းကတော့ တွေးခဲ့တယ်.. ကိုယ်မင်းကို ပိုင်ဆိုင်ရမှဖြစ်မယ်..မင်းကိုပိုင်ရဖို့အတွက် ကိုယ်ဘာပဲလုပ်ရလုပ်ရဖြစ်တယ်.. ကိုယ့်ပုံစံ အမူအကျင့်စရိုက်တွေအားလုံးမြေလှန်ပစ်လိုက်လို့လဲ ဖြစ်တယ်ပေါ့..အဲ့ဒီလိုမင်းကို လက်ထဲဖမ်းမိချင်ခဲ့တာ။

ဒါပေမဲ့ ဒီလောကကြီးထဲမှာ မမြဲတာတွေများတယ် Leo!
မနေ့ကညနေတုန်းက ကိုယ့်မျက်စိရှေ့ တေးသီနေတဲ့ငှက်ကလေးနှစ်ကောင်မှာ တစ်ကောင်ကမနက်ကျ ကိုယ့်ဝရန်တာလက်ရန်းပေါ်မှာ အသက်မဲ့နေတာမျိုး.. စိတ်ကူးယဉ်အိမ်လေးတူတူဆောက်နေရင်းပဲ လမ်းတစ်ဝက်မှာလက်တွဲဖော် ဝေးကျန်ခဲ့တာမျိုး... အဲ့လို တောင်ပံတစ်ဖက်ကျိုးဖြစ်ရပ်တွေဟာ အကုသိုလ်များတဲ့ဒီလောကကြီးမှာ ဒုနဲ့ဒေးပေါ့ Leoရယ်။

ဒီတော့ကိုယ်အစွဲအလမ်းတွေမထားချင်တော့ဘူး။
ဆိုလိုတာက ကိုယ်ဘယ်ဟာကိုမှ သတ်သတ်မှတ်မှတ်မယုံဘူး။ မင်းကိုလည်း တစ်သက်လုံးစာချစ်သွားမယ်လို့ အာမ မခံနိုင်ဘူး။ ဘယ်အချိန်ထိချစ်နေမယ်ဆိုတာလည်းအတိအကျမဖြေတတ်ဘူး။

ချစ်တဲ့စိတ်တွေရှိနေသေးသရွေ့ ချစ်မိနေမှာ။ ဒါပေမဲ့ အပိုင်ရဖို့ သိပ်မတွေးတော့ဘူး ။ ခရီးဆုံးထိ မင်းနဲ့ငါအတူမလျှောက်ပဲ တစ်ယောက်တစ်လမ်းစီကွဲသွားကြလည်းဖြစ်တယ်။ရတယ်။(မင်းနဲ့ငါ အခုခနပဲ ဆုံကြရမယ်ဆိုလည်း ဖြစ်တယ်)
အနည်းဆုံး မင်းကျန်းမာပျော်ရွှင်နေဖို့ပဲလိုတယ် ။ မင်းပျော်နေရင် ကိုယ်လည်းစိတ်ချမ်းသာတာမို့။

မင်းကိုမြင်ရင် ရင်မခုန်ဘူး။ စိတ်မလှုပ်ရှားဘူး ။ ကိုယ်မရှက်ဘူး ။ဒါပေမဲ့ ကိုယ်ချစ်တာကိုကောင်းကောင်းခံစားမိတယ် ။ မင်းကို ကိုယ်ချစ်နေတယ် အဲ့လောက်လေးပဲ Leo။ မင်းပြုံးတာမြင်ရရင် သီချင်းတွေထဲလိုပေါ့ .. ကိုယ့်ကမ္ဘာကြီးလင်းတယ်ဘာညာ အဲ့လိုဝန်မခံချင်ဘူး..
အမှန်က မင်းကိုမြင်ရုံနဲ့ ကိုယ်ရင်အေးရတာ ။ ယောပုဆိုးလေးဝတ်ထားမှလည်းမဟုတ်သလို ရှပ်အင်္ကျီလက်လေး ခေါက်ထားမှလည်းမဟုတ်ဘူး ။ မင်းအရိပ်အာဝါသနည်းနည်းလေးထိရင်တောင် ကိုယ်တကယ်သောကငြိမ်းတယ် ။အဲ့ဒီလောက်ပဲ။

နောက်ဆုံးတစ်ခေါက်ထပ်ပြောရရင် ဘာမှမမြဲတဲ့လောကကြီးထဲမှာ ကိုယ်မြဲနေတုန်း မင်းကျန်းမာပျော်ရွှင်တာမြင်ရရင်ပဲရပြီ။တော်ရောပေါ့ Leoရယ်..မင်းကိုပိုင်ဖို့ ဘုရားကိုနားပူနားဆာတိုက်တာထက်စာရင် မေတ္တာပို့တဲ့ခုနစ်ရက်သားသမီးမှာ မင်းထိပ်ဆုံးကပါနေရင်ရပြီ ။ ဘာတဲ့လဲ Leo.. ဤပြုသမျှ ကုသလကြောင့် မင်းတစ်ယောက်သက်ရှည်ကျန်းမာစိတ်ချမ်းသာပါစေပေါ့..မဟုတ်ဘူးလား။

The Real MeWhere stories live. Discover now