Happy အာလူး Day!!
မန်းသီရီဆောင် အခန်း 3/1 မှာ စစတွေ့တုန်းက ကျောင်းစဖွင့်တဲ့ ပထမပတ် တစ်ရက်ရက်ရဲ့ နေ့လည်ကျောင်းဆင်းချိန်။ ဆံပင်တိုတိတိလေးကိုစည်းထားပြီး ဇာခြင်ထောင်ပန်းရောင်လေးထဲဝင်လို့ ရေထိုင်သောက်နေတဲ့ ရန်ကုန်သူဆိုတဲ့ ငတိမ။
Majorမေးကြည့်တော့ Archi Roll 7 ပါတဲ့...ဟာာ! အဲ့ဒါဆို ငါနဲ့ မေဂျာတူတဲ့ hyperပေါ့...သူ့နာမည်ကိုကြားရတော့တစ်မျိုးလေး ကိုယ်တွေ့ဖူးနေကျ လူငယ်သူငယ်ချင်းတွေကြားမှာ ခင် ကိုသုံးတာမတွေ့ဖူးလို့ဖြစ်မယ်....ပြီးတော့ သူ့နာမည်ကြားရတာ အေးနေလို့ သေချာမှတ်ထားတာ...
"ဟုတ်ပြီ သူ့နာမည်က ခင်ငြိမ်းချမ်း" ပေါ့
ကျောင်းဖွင့်တဲ့ဒုတိယပတ်.. တနင်္ဂနွေညနေစောင်းမှာ ကိုယ် အဆောင်စ,ဝင်တော့ အခန်းဖော်ဖြစ်လာမဲ့ခုနစ်ယောက်ထဲ သူ့ကိုအရင်ရှာတော့တာပဲ..ကိုယ်သေချာမိတ်ဆက်ခဲ့တာက သူပဲရှိတာကိုး...
တွေ့ပါပြီ! ဝင်ပေါက်ရဲ့တစ်ဖက်ခြမ်းခုတင်ကတစ်ယောက်နဲ့ GOT7 အကြောင်းထိုင်ပြောနေလေရဲ့ ။ .ဆံပင်တိုတိုလေးစည်းထားပြီး အပျော့သားဂါဝန်အပြာဒူးလောက်လေးနဲ့..။
ညညဆို Infiniteသီချင်းတွေဖွင့်တတ်တယ်။ (infinite,SVTကို ကောင်းကောင်းသိသွားတာ သူ့ကြောင့်) အဝတ်အစားတွေမီးပူတိုက်ရင်း ကိုရီးယားသီချင်းတွေတိုးတိုးလေး လိုက်ညည်းတတ်တယ်။ တစ်ခါတစ်ခါကျတော့လည်း အပိုယူလာတဲ့ samsungထဲက ထွန်းအိန္ဒြာဗိုနဲ့ရဲလေးသီချင်းတွေ ဖွင့်ပြီးဆိုတတ်သေးတယ်။ ပြောလို့ပြောတာမဟုတ်ဘူး ! သူ မြန်မာသီချင်းတွေလိုက်ဆိုတဲ့အချိန်ဆို သူ့အသံကတော်တော်လေးချိုတယ်။ မနေနိုင်လို့ ထုတ်ချီးကျူးမိတဲ့အခါမျိုးဆို ပြုံးတုံ့တုံ့လေးနေတတ်တယ်။ (ခုတော့ ယောင်လို့တောင် ထုတ်ကိုမပြောရဲဘူး...မသာမက ကိုယ်ရည်သွေးလွန်းလို့) ။ ပြီးရင် အိမ်ကဖုန်းခေါ်ရင် တစ်ခုခုပူဆာတော့မဲ့အသံကြီးနဲ့ Helloပြန်ထူးတတ်တယ်။
Lectureစာအုပ်တွေကို ကတ်ထူစာအုပ်sizeအတိုလေးတွေချည့်ထုတ်ထုတ်သုံးနေလို့ "ဒီကောင် ဒီစာအုပ်တွေနဲ့ ဘယ်လိုရေးနေလဲမသိဘူး"လို့တွေးတွေးမိတယ်။ ကိုယ်က အဲ့စာအုပ်တွေနဲ့မရေးတတ်ဘူးလေ။ (Phys Lectureစာအုပ်လေးက အဖုံးက အနက်ရောင်ကွက်စိပ်လေးလားမသိဘူး)