ဟိုတုန်းကတော့ သူ့ကိုidolတစ်ယောက်လိုပဲ သဘောကျတယ်..။တစ်ခါနားထောင်မိရုံနဲ့မှတ်မိလွယ်တဲ့သူ့အသံနဲ့ မျက်စိထဲစွဲနေခဲ့တဲ့ သူ့ဝတ်ပုံစားပုံတွေပေါ့..ကိုယ်ကကြာကြာသဘောကျတဲ့လူကရှားတယ်...အဆိုတော်ပဲဖြစ်ဖြစ်..သရုပ်ဆောင်ပဲဖြစ်ဖြစ်ပေါ့...ဘယ်artistနေနေ ကြာရှည်စွဲလမ်းတတ်တဲ့အကျင့်ကမရှိဘူးလေ..သူ့ကိုလည်းခနပဲပေါ့လေဆိုပြီးထင်ခဲ့တာ...
ကြာလာတော့ သဘောကျတဲ့ရာခိုင်နှုန်းလေးပိုလာတယ်...အဲ ပြီးတော့ မေတ္တာတွေပိုလာတယ်ပေါ့ :3 သူ့ကိုထိ ဓားကြည့်ဆိုတာမျိုးထိ ရန်ပတ်ဖြစ်ဖို့လည်းဝန်မလေးတာမျိုး..လွန်လွန်ကဲကဲသဘောကျတယ်...
သဘောကျပြီဟေ့ဆို အပိုင်လိုချင်လာတဲ့အတ္တစိတ်မျိုး သူလိုကိုယ်လိုရှိကြတယ် ကိုယ်လည်းရှိတာပဲ... "Kim NamJoonက ငါ့အပိုင်"ဆိုတဲ့တစ်ခွန်းလေးပြောရဖို့အတွက် နှုတ်စီးချင်ဖူးတယ်...ကဗျာတို စာတိုယောင်ယောင်တွေလျှောက်ရေးဖူးတယ်..စကားလှလှလေးတွေ တစ်ခါတစ်လေသုံးဖြစ်တယ်...သူ့ကိုဘယ်လောက်ထိချစ်ပါတယ်ဆိုတဲ့အကြောင်း တခမ်းတနားပြောပြချင်ခဲ့သေးတာ
ဒါပေမဲ့ သူနဲ့ပတ်သက်လာရင်ကျ အစစအရာရာဆွံ့အတယ်ခေါ်ရမလား...ခံစားတဲ့ထုထည်များနေလို့ စာရွက်ပေါ်ဆွဲထုတ်လို့မရတာလားမသိပေမဲ့ တကယ်ရေးချင်တာကို ကိုယ်ရေးမပြနိုင်ဘူး..
ဥပမာ..."ခင်ဗျားပဲပေါ့ ဂျွန်..တစ်ဇောက်ကန်းကောင်ကို ချောက်ထဲပြုတ်မကျအောင် ဒီမျက်မှန်ကိုင်းတွေမှာ ခိုနားခွင့်ပေးခဲ့တာ" ဆိုတဲ့စာလေး ရေးတုန်းကလိုမျိုးပေါ့
ကိုယ်တကယ်ပြောချင်တာကတော့ ကိုယ့်ရဲ့မနက်မိုးလင်းမျက်စိနှစ်လုံးဖတ်ခနဲပွင့်ကတည်းကနေ ညနေမိုးချုပ်အိပ်ရာပေါ်ဘတ်ကနဲပစ်လှဲလိုက်တဲ့အထိ ကိုယ့်ရဲ့မရင့်ကျက်မှုတွေကို ထိန်းကွပ်ပေးနိုင်တဲ့အကြောင်း... ရေးနေတာပဲ...ရေးရင်းဖျက်ရင်းနဲ့ အဲ့တစ်ကြောင်းပဲထွက်လာတယ်...ဆိုတော့ ကိုယ်တွေးမိတာ... ငါသူများလိုတောင်ချစ်တဲ့အကြောင်း သဘောကျတဲ့အကြောင်းမရေးပြထုတ်မပြနိုင်တာလားဆိုပြီး ကိုယ့်ကိုယ်ကိုခနခန ပြန်မေးမိတယ်... တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်တဲ့အထိပြန်မေးနေမိတယ်...