Color 6(Nge)

5 0 0
                                    

လက်တွဲဖြစ်မယ့်တစ်နေ့ပေါ့ . .

ငယ့်အတွက်ပိုက်ဆံအလုံအလောက်စုမိပြီးတဲ့အခါ Lavenderပန်းခင်းတွေဆီအလည်သွားမယ်. .ငယ်က Lavenderတွေချစ်တယ်လေ။ ပန်းခင်းကြီးထဲဓာတ်ပုံလှလှလေးရိုက်ပေးချင်သေးတယ်။

အဲ့ခါကျ ယုန်သွားလေးတွေပေါ်အောင်ပြုံးရယ်နေပေးပါ။ ပါးမို့ပေါ်ကမှဲ့လေးကတော့ သူများမမြင်မြင်အောင် detailနဲ့ editမယ်။ပြီးတော့ လူတိုင်းကိုကြွားမယ်..ဒီမှာတွေ့လား ရိပ်ညိုအောင်ပြောပြောနေတဲ့ ယုန်သွားလေးနဲ့ငယ် ပါးမို့ပေါ်က မှဲ့လေးနဲ့ ငယ် . . တွေ့လား ကျွန်တော့်လက်ကိုသူတွဲနေပြီဆိုပြီးတစ်လောကလုံးကိုကြွားမယ်။

ပြေးလွှားပျော်ပါးနေတဲ့ငယ့်ကို နဖူးပြင်ကချွေးစလေးတွေ ခပ်ဖွဖွသုတ်ပေးမယ့်လူက ကျွန်တော်ပဲဖြစ်ချင်တယ်။
ပြီးတော့ ပန်းခင်းအဆုံးကိုပြေးသွားပြီးအော်ပြောမယ်. .

"ဟေး အချစ် ဒီမှာကြည့်စမ်း မြတ်နိုးခြင်း လာဗဲန်ဒါတွေ . . "

ပြီးရင် ပြေးလာမယ့်ငယ့်ကို ကျွန်တော်ဆီးကြိုပြီးပွေ့ပါ့မယ် တကယ် . . 💜

The Real MeWhere stories live. Discover now