Color 3(J and 40 Days)

14 0 0
                                    

မမျှော်လင့်ထားတဲ့ ဖိတ်ခေါ်မှုတစ်ခုအကြောင်းပြောကြစို့ဟေ့ဆို မျက်စိထဲတန်းမြင်လာတာက အသုံးလုံးအခြေခံစာတတ်မြောက်ရေးprogramတုန်းက ပြဇာတ်ပဲ။

ကိုယ်လိုလူက Public speakingတအားရှောင်သလို ဘာperformanceမှ လုပ်တဲ့လူစားမျိုးလည်းမဟုတ်ဘူး။ ငယ်ငယ်တုန်းက တစ်ခါတစ်လေလေးဆုတက်ယူတာကလွဲရင် စင်ပေါ်ကိုအမှိုက်တောင်တက်မကောက်တဲ့လူ။

MUက ဆရာမကြီးက ပြဇာတ်လုပ်ရမှာ ပြိုင်ပွဲရှိတယ်ဘာညာမှာလိုက်ပေမဲ့လည်း စိတ်မဝင်စားဘူး သရုပ်လဲမဆောင်တတ်ဘူး မလုပ်ဘူးကွာဆိုပြီး သင်တန်းပေးတဲ့ပထမတစ်ရက်လုံး အေးဆေးပဲနေတာ။

ညနေခြောက်နာရီအတိကို သင်တန်းပေးတဲ့ပညာရေးတက္ကသိုလ်ကနေ အဆောင်ပြန်ရောက်တော့ လူက နုံးချိနေပြီ ။ ဒါပေမဲ့ လိုအပ်တဲ့ ပစ္စည်းပစ္စယတွေက ဘာမှမဝယ်ရသေးဘူးလေ . . . သူများအရပ်ဒေသမှာ ရက်40သွားနေရမှာဆိုတော့ ဒီတိုင်းလေးဖုတ်ဖတ်ခါသွားလို့မဖြစ်ဘူးဆိုတော့ အဆောင်ပြန်ရောက်ရောက်ချင်း အဝတ်အစားပြန်လဲ .. ပြီးတော့မှ Hall Tutorတီချယ့်ကိုခွင့်တိုင်ပြီး City Martကို ဈေးဝယ်ဖို့သွားရတယ်။

အဲ့အချိန်မှာ Main Buildingမှာ ထမင်းဘူးဝေနေတယ်တဲ့ဆိုလို့ ကိုယ်ရယ် အာကာဖြိုး(EP)ရယ် နှင်းအိခိုင်(Mech) ကျော့ကျော့စံ(Mech)ရယ် ဈေးသွားမဝယ်ခင် mb ခနဝင်ကြရော ။ အဲ့ဒီမှာ MBမှာ ဆရာဦးမျိုးပိုင်စက်ရယ် အနော်(Civil)ရယ်နဲ့ဆုံတယ်။ ကိုယ်တွေကိုလည်းမြင်ရော နော်ဇွန်ပွင့်ဦးက "ဟိုမှာ ဥာဏ်ထက် နင် Demonstrationထဲ ပါရမယ်"ဆိုပြီး လက်ညိုးကြီးထိုးပြီးလာပြောတာ . . .ဆရာလည်းပြုံးပြုံးကြီးကြည့်နေတော့ ငြင်းရမှာ အားနာပြီး အေး ငါတို့ရောကူပေးမယ် ခုတော့ဈေးဝယ်သွားဦးမယ်ဆိုပြီး ပြန်ထွက်လာခဲ့တာ။

City Martက အပြန် ညရှစ်နာရီ နှစ်ဆယ်ဖြစ်နေပြီ။ လူက စိုးရိမ်နေတာ ငါဘယ်roleက ပါရမှာလဲ မလုပ်တတ်ရင်ဘယ့်နှယ်လုပ်မတုန်း Dialogueအများကြီးကျက်ရမှာလားပေါ့ . .
ပြီးတော့မှ သိတာက ကိုယ်က စာမသင်ဖူးတဲ့ ပန်းရောင်းတဲ့ကလေးလုပ်ရမှာ . . ပြောရမဲ့Dialogueတွေကိုယ့်ဘာကိုယ်စဉ်းစားပြီး မွန်မွန်ကျော်( ကိုယ်ပန်းလိုက်ရောင်းရမဲ့အန်တီကြီး)နဲ့ စကားပြောခန်းတွေတိုက်ကြည့်ရတယ်။ တွန်းလှဲခံရမှာဆိုတော့ သူတွန်းနေတာအသက်မပါဘူး ဆိုပြီးသူ့ကိုတွန်းပြလိုက် ကိုယ်အတွန်းခံလိုက်နဲ့ mbရှေ့မှာ ဖုန်တွေသဲတွေနဲ့ပေလို့ပွလို့ပဲ။ ဆရာကလည်း ည11ထိ အအေးဘူးတွေဝယ်ပြီးစောင့်ပေးရှာတယ်။ အဆောင်မှုးတီချယ်နဲ့ Hall Tutorတီချယ်တွေရောပဲ . . ပြဇာတ်မှာ ဘယ်ထဲက ဘယ်လိုလုပ်ကြည့်ပါလားဆိုပြီးအကြံပေးကြတယ်။

Castတွေက စာမတတ်လို့အလိမ်ခံလိုက်ရတဲ့တောသူဌေးရယ် . . စာမသင်ခဲ့မိလို့ ဆေးစာမဖတ်တတ်ဘဲအဆိပ်နဲ့မှားတိုက်မိခဲ့တဲ့အဘွားကြီးရယ် ပန်းရောင်းတဲ့ကောင်ဇိုးလေးရယ်။ ကိုယ့်အပိုင်းကိုယ်ရပြီဆိုရင် အကုန်စုပြီးအထပ်ထပ်ပြောကြည့်ကြတယ်။ ကိုအောင်သိုက်တို့ ကိုချစ်မင်းတို့ မငြိမ်းတို့နဲ့အလွဲတွေလုပ်မိလို့ အူတွေနာတဲ့အထိ ရယ်ခဲ့ကြရသေးတယ်။

ည11ကျော်ကျော်ကို အဆောင်ပြန်ရောက်တော့ ကိုယ်က projectတွေမပြီးသေးတော့ နိုင်သမျှပြီးအောင်ခွဲဆွဲ။ ပြီးတော့ အဝတ်အစားတွေ စောင် ခေါင်းအုံးတွေပြင်ပြီး နှင်းအိခိုင်တို့နဲ့သွားအိပ်တာ။

နောက်နေ့ နေ့လည်ကျတော့ အဝတ်အစားလဲအထွေအထူးပြင်မသွားပါဘူး ။ ကိုယ်ကပန်းပဲရောင်းရမှာဆိုတော့ ဘောလုံးအင်္ကျိနဲ့ မြင်းခြံဘောင်းဘီရယ်ဝတ် . . မြင်တာနဲ့ဥာဏ်ထက်မှန်းတန်းသိစေတဲ့ လက်ရှည်အပြာကွက်ကြီးထပ်ဝတ် လွယ်အိတ်စလွယ်သိုင်းလွယ်ပြီး စက္ကူ စတွေကိုပန်းကုံးဖြစ်အောင်လုပ်ပြီးစင်ပေါ်တက်တာ။ သဘောအကျဆုံးကတော့ ခိုင်ဇင်ဦး(EC - ဆေးစာမဖတ်တတ်တဲ့အဘွားကြီး) ရဲ့ဝတ်ပုံစားပုံပဲ ။ လုံချည်စွန်ထောင်ဆွဲကြီးနဲ့ ပုဝါကြီးခေါင်းပေါင်းပြီးတော့။မလွင်သန္တာအောင် တို့ မလှိုင်တို့နဲ့ဆို အဲ့မှာမှ ပိုရင်းနှီးသွားတာ။ သူတို့က လူလိမ်တွေလုပ်ပြီး အာကာဖြိုးကို စာချုပ်အတုနဲ့လိမ်ရတာ။
အကုန်လုံးလည်း ပြိုင်ပြီးကြရော ဆုပေးမဲ့အချိန်ရောက်တော့ တစ်ဖွဲ့လုံးရင်တုန်နေကြတာ . . ပထမ မရတောင် ဒုတိယလောက်ပေါ့ . . အသံကျယ်ကျယ်လည်းထုတ်မပြောရဲကြဘဲ ရင်တွေတဒိတ်ဒိတ်နဲ့ စောင့်နေခဲ့ကြတာ။ တကယ်လည်း ဒုတိယ ရခဲ့တာပါပဲ . . ပျော်လိုက်ကြတာဆိုတာ !!ဆုရတဲ့ပိုက်ဆံကို ဆရာ့ကိုပြောပြီး ကျောင်းသားသမဂ္ဂကိုလှူ လိုက်ကြတယ်။

သူများတွေအတွက်တော့ စင်ပေါ်တက်တယ်ဆိုတာ မဆန်းတဲ့ကိစ္စပေမဲ့ ကိုယ်လိုလူအတွက်ကျ အတော်ကြီးစဉ်းစားနေရတယ်။ ဒါပေမဲ့ တကယ်တမ်းလုပ်ဖြစ်ခဲ့တဲ့အခါကျပြန်တော့လည်း အဆင်ပြေနေခဲ့တယ်လို့ခံစားရတယ်။ အဒေါ်ကြီး(မွန်မွန်ကျော်)က တွန်းလှဲလို့ငိုချင်ယောင်ဆောင်ရမဲ့အခန်းဆို မျက်ရည်တွေပါတကယ်ကျလာလို့ အင်္ကျီလက်ကြီးနဲ့ခိုးသုတ်ခဲ့ရသေးတယ် တကယ်။
အဲ့တုန်းက အမှတ်တရတွေမေ့မသွားချင်ဘူး ။

အဲ့တာကြောင့်မတောက်တခေါက်စာလေးနဲ့ "ကျွန်တော်နှင့် ရက်40" albumထဲမှာ memory လာsaveတဲ့အနေနဲ့လာရေးတာပါ။

အကုန်လုံးကို အမှတ်ရနေဦးမှာ။ ပုံမှန်ဆို ကျောင်းထဲမှာ သာမန်ပဲမျက်မှန်းတန်းမိနေတဲ့လူတွေနဲ့ ပိုပြီးရင်းနှီးခဲ့ရတယ်။ နောက်ကို စာတွေရေးဖြစ်ခဲ့ရင်လည်း ဒီအကြောင်းတွေသေချာပေါက် ထည့်ရေးနေဦးမှာပါ။

The Real MeWhere stories live. Discover now