သုညကစတဲ့ ငါ့ဘဝ
ဖက်တွယ်စရာရယ်လို့
ဖေဖေရယ် မေမေရယ် ကိုကိုလေးရယ်။
ကလေးဘ၀ရဲ့ပျော်ရွှင်မှုတွေက
ဘယ်လောက်တောင်ခေါင်းပါးလိုက်သလဲကွယ်။
စ,လာကတည်းက ဇာတာခွင်တွေနှင်းခါးရိုက်တယ်။'၀ဋ်ကြွေး' တဲ့
စကားနှစ်လုံးတည်းနဲ့ သေအောင်နာတယ်။
ပြောရေးဆိုခွင့်ပြတ်လပ်တဲ့ ငါ့ရင်ဘတ်ဟာ
နေ့စဉ်မွန်းကြပ်သမျှ
ဒိုင်ယာရီအနီလေးကို ဖွင့်အံချ။မျက်ဝန်းတွေရဲ့လှောင်ရယ်သံတွေ
ငါ့နှလုံးသားနဲ့ဆက်ဆက်ကြားတယ်။
မလိုတမာမျက်နှာပေးတွေကို
ဖတ်စာအုပ်တွေနဲ့ ကာဆီးပစ်မယ်။
စာကြည့်စားပွဲဟာ ငါ့ရဲ့အဖော်။
ဝမ်းနည်းလွယ်တဲ့ငါဟာ
အဲ့ဒီလိုတွေ
အားငယ်စွာနဲ့သန်မာပြခဲ့တယ်။အားတဲ့အခါ မန်ကျည်ပင်အောက်မှာထိုင်ရင်း
နှင်းဆီပန်းတွေကိုတွယ်တာမိတဲ့အကြောင်း
ဖွဖွလေးတစ်မျိုး ရယ်ရင်းနဲ့တစ်ဖုံပြောရင်း
သေချာပေါက်ငါ့သူငယ်ချင်းတွေကို
တစ်လျှောက်လုံးစာယုံကြည်ပစ်လိုက်ဦးမယ်။ကံဆိုးမ သွားတိုင်း မိုးလိုက်လို့မရွာပေမဲ့
ငါသွားလေရာမှာတော့
ထိုးခံထားမဲ့ခြေထောက်တွေနဲ့
ရုပ်ရှင်ထဲကheroဟာ
လက်တွေ့ကျ ငါ့နောက်ကျောကိုစိုက်မဲ့ဓား။
အားငယ်ခြင်းတွေကြားမှာပဲ
ငါ့ကိုချစ်တဲ့အကြောင်းနာကျည်းရင်းနဲ့ခေါင်းငြိမ့်ခဲ့ရ။ခုတော့ကွာ.....
ယုံကြည်လို့မျက်လုံးမှိတ်ပြီးအားကိုးမှ
ငါ့ရင်ဝကိုဓားနဲ့ထိုးသတဲ့လား။
နားလည်တယ် နန္ဒ
စိတ်နာလို့ကျောခိုင်းရင်လည်း နောက်ကျောကိုဓားထောက်ခံရမှာပဲ။
ဘာနေနေ ငါရှုံးတယ်
မပြောခဲ့ဘူးလား..
မွေးကတည်းက ဗလာကောင်ပါဆို။ဝဋ်ကြွေးကုန်တဲ့တစ်နေ့
လူသားတစ်ယောက်အနေနဲ့ရိုးရှင်းစွာချစ်ပြချင်ပါသေးတယ်။
ခုတော့
ငါ့နာကျင်ခြင်းတွေအားလုံးကို
ဒီမန်ကျည်းပင်မှာပဲ အဆုံးသတ်ပါရစေတော့လား။
(မူရင်းဝတ္ထု - ဂျင်ဂျာ _ ပန်းမဟုတ်သောပန်းတစ်ပွင့်အကြောင်း)