During these days

9 0 0
                                    

- Disneytects -

Squard!
ဟုတ်ပါတယ် squardပါ.. squadမဟုတ်ပါဘူး
ကျွန်တော်တို့သူငယ်ချင်းတစ်သိုက်က အချင်းချင်းကြားမှာ gp chatထဲမှာ typingမှားရင်မှားနေတဲ့စကားလုံးအတိုင်းပဲ ဆက်ပြီးသုံးကြလို့ပါ.. ဥပမာ.. ဘိုင့်ဘိုင် လို့ အချင်းချင်းနှုတ်ဆက်တယ်ဆိုပါစို့.. တစ်ယောက်က 'ဘိုင့်လိုင်'လို့မှားရိုက်ပြီး နောက်တစ်ယောက်က 'ဘိုင့်လိင်'လို့ရိုက်ပါတယ်..အဲ့တာကိုအစွဲပြုပြီး အပြင်မှာလည်း ဘိုင့်လိုင်တို့ ဘိုင့်လိင်တို့ နှုတ်ဆက်ရာကနေ 'ဘိုင့်လေ'လို့နားကြားမှားတဲ့ကောင်ရယ် 'ဘိုင့်လင်'လို့နှုတ်ဆက်တဲ့ကောင်ရယ်ရှိလာပါတယ်...

Disneytectsဖြစ်လာပုံကလည်း ဘာရယ်တော့မဟုတ်ဘူး
ကိုယ်စီကိုယ်ငှ Disney ဇာတ်​ကောင်တွေယူမယ်ပေါ့..အဲ့ကနေ Disney squadဖြစ်..ပြီးတော့ ဂျူ ရီတွေမှာသောက်တလွဲတွေလုပ်ကြပေမဲ့ အာခီတက်(architects)တွေတော့ဖြစ်ကြရမယ်ဆိုပြီး အဲ့က tect(s)ကို ယူ.. အဲ့တာကနေ Disneytectsဖြစ်ကရော..

- Members Introduction

1.May Myat Noe
ပထမဆုံးတစ်ကောင်ကတော့ အားလုံးထဲမှာ အသက်အကြီးဆုံးနဲ့အရိုသေခံရမှုအပျောက်ဆုံးလူသားပါ..
သူ့ကိုတော့ချစ်စနိုးနဲ့ ဘူးသီး.. မေနိုး( short name of May Myat Noe) စသဖြင့်ခေါ်ကြပါတယ်.. သူကတော့စာရိုက်ရင် ဘာလဲ ကို ဘာလံ..သိသားဘဲ(ပဲ)ကို သိသားဘံ လို့ရိုက်လို့ အပြင်မှာလည်း သူနဲ့ပြောရင် ဘာလံ..  သိသားဘံနဲ့ကျွန်တော်တို့က ပြောပါတယ်။

သူလေးဟာဆိုရင်ဖြင့် ကျောင်းပြီးရင် အဝတ်လျှော်ဆိုင်ဖွင့်မယ်တဲ့ခင်ဗျာ့... အဲ့ဒါနော်.. သူfirst yrတုန်းက ဘာပြောသလဲဆိုရင် 'ငါက 4th yrရောက်ရင် ကျောင်းထွက်ပြီး ဟန်းဂုက အင်တာတိန်းမန့်မှာ အော်ဒစ်ရှင်ဝင်ဖြေ..အိုက်ဒေါလ်လုပ်မယ်..နင်တို့ကို ကွန်းဆာ့တ်တစ်ကတ် ဖရီး'ဆိုပြီး ကြွေးကျော်ခဲ့သေးတာနော်.. ကိုယ့်လူတွေကို သွားတော့မရှုပ်ရဲဘူးဗျ.. ခုတော့ လေးတန်းရောက်နေချိန်မှာ သူ့ရဲ့ကကွက်တွေ rap verseတွေ chorus high pickတွေ စတဲ့ပညာရပ်တွေဟာ တိတ်တဆိတ်ကြွယ်ဝနေပြီထင်ပါတယ်..
သူ့အခန်းဖော်ရဲ့နားစည်လေးနှစ်ဖက်အတွက် ကျွန်တော်တို့နှစ်မိနစ်လောက်ငြိမ်သက်ပေးကြရအောင်နော်ဗျာ။

You've reached the end of published parts.

⏰ Last updated: Apr 02, 2020 ⏰

Add this story to your Library to get notified about new parts!

The Real MeWhere stories live. Discover now