ဘယ်versionနဲ့ပဲမြင်ရမြင်ရ မင်းကမင်းမို့လို့ကိုချစ်စရာကောင်းနေတာ..
ဆံပင်အရှည်နဲ့ဖြစ်ဖြစ် တိုကပ်နေတာပဲဖြစ်ဖြစ် အဲ့ဒါက မင်းမို့လို့ ငါ့မျက်စိထဲ အပြစ်ပြောစရာမရှိပဲဖြစ်နေတာ
ပြည့်လာတာပဲဖြစ်ဖြစ် ပိန်ချုံးပြီးပါးရိုးလေးငေါထွက်လာတာပဲဖြစ်ဖြစ် အဲ့ဒါက ကလေးမို့လို့ကို ချစ်ချင်စရာလေးဖြစ်နေတာ...
အရပ်ထပ်ထွက်မလာပဲ လူကောင်ကျုံ့သွားတာကလည်း မင်းမို့လို့ကို ကြည့်ကောင်းနေသေးတာ...
စိတ်လက်တစ်ဆစ်နဲ့ မြင်မြင်သမျှသောက်ပြစ်ရှာတဲ့ ဒီက လူ့ဂွစာကြီးကလေ မင်းကိုဆို ဆံဖျားကအစ ခြေဖျားအထိ အားနည်းချက်နဲ့အပြစ်အနာအဆာရယ်လို့ကိုမမြင်တတ်တော့တာ...
တကယ်ပါငယ်... ဆိုတော့ကာ ဘယ်နားမှာမှစောက်ဖြစ်မရှိလို့ စိတ်ဓာတ်ကျမနေပါနဲ့ ...
မင်း ငါ့ကိုတော့ချစ်တတ်အောင်သင်ပေးနိုင်ခဲ့ပါတယ် 💚