Unicode
ညအချိန် ဆိုးလ်မြို့၏ လမ်းချိုလမ်းကြားများ
ကြား၌ အော်ဟစ်သံ ဆူညံသံများဖြင့်ပြည့်နှက်
နေသည်။
ကောင်မလေးတစ်ယောက် မမောမပန်းနိုင်
ပြေးလွှားနေပြီး ထိုကောင်မလေးနောက်သို့
၄,၅ယောက်လောက်ရှိမည့်ယောကျာ်းတစ်စု
ကသည်းကြီးမဲကြီးအလွတ်မပေးဘဲလိုက်လာ
နေသည်။" ဟေ့ရောင်တွေမလွတ်စေနဲ့....လိုက်ကြ
ဟေ့.....မပြေးနဲ့။ လိုက်ကြ... "ထိုမိန်းကလေးကပြေးနေရင်းလမ်းမထက်သို့
တက်ကာလူအုပ်ကြားထဲသို့ဝင်တိုးလိုက်သည်။
ထို့နောက်ခေါင်းကဦးထုပ်ကိုခပ်ငိုက်ငိုက်ဆောင်း
လိုက်ပြီး အပေါ်မှာထပ်ဝတ်ထားသည့် ရှပ်အင်္ကျီ
ကိုချွတ်လိုက်တော့ တီရှပ်အဖြူလေးတစ်ထည်သာ
ရှိတော့သည်။
အနောက်မှလိုက်လာသောလူတစ်စုက
လူအုပ်တွေကြားရောနှောကာပျောက်သွားသော
ကောင်မလေးကြောင့် စိတ်ဆိုးဒေါသဖြစ်ကာ" တောက်! ဘယ်ပျောက်သွားပြန်ပြီလဲမသိဘူး
နေနှင့်အုံးပေါ့။ မင်းပြေးနိုင်တုန်း ပြေးထား....
မိလို့ကတော့အသေဘဲ..... "ထိုသို့ကြိမ်းဝါးရင်း အနောက်သို့ပြန်လှည့်ကာ
ထွက်သွားကြသည်။...
" ကျွီ..... "
တံခါးဖွင့်သံနှင့်အတူအခန်းထဲသို့တိုးတိုး
တိတ်တိတ်ဝင်လာသောလူရိပ်တစ်ခု။
ထိုသူက ခုတင်ပေါ်တွေဆေးပိုက်အစုံအလင်ဖြင့်
အောက်ဆီဂျင်တပ်ဆင်ထားကာ လှဲလျောင်းနေ
သော လူကြီးဘေးနားသို့ဝင်ထိုင်လိုက်သည်။" ဟူး..... "
ပြီးနောက်သူရဲ့နဖူးမှချွေးစချွေနကလေးများကို
အဝတ်ဖြင့်သုတ်လိုက်ပြီး ဦးထုတ်ကိုချွတ်လိုက်
သောအခါ ပျော့ခွေကျဆင်းလာသောအညိုရောင်
ဆံနွယ်တွေနှင့်အတူ အလွန်လှပသောမျက်နှာလေး
တစ်ခုကရှင်းရှင်းလင်းလင်းပေါ်လာသည်။
မှောင်မဲနေသောအခန်းထဲ ဝါဖန်ဖန်မီးအိမ်၏
အလင်းရောင်တွေထင်ဟပ်နေသော မျက်နှာ
လေးကမြင်ရသူအဖို့အေးချမ်းမှုကိုပေးစွမ်းနိုင်သည်။" Appa, မြန်မြန်သတိရလာမှဖြစ်မယ်နော်
JiJi က Appa နေမြန်မြန်ကောင်းလာအောင်
အစွမ်းကုန်ကြိုးစားပေးမယ် "
YOU ARE READING
𝐏𝐨𝐬𝐬𝐞𝐬𝐬𝐢𝐯𝐞🥀
Fanfictionအမုန်းတွေရဲ့အလွန်မှာ ချစ်ခြင်းတရားဆိုတာရှိတယ် နင့်ကိုသိပ်မုန်းလွန်းလို့ ငါချစ်မိသွားတယ်🥀 ~~~ Both Zawgyi/Unicode