Ep - 8 🥀

1.5K 153 6
                                    

Unicode

မနက်ခင်းငှက်ငယ်တို့ရဲ့တေးဆိုသံနှင့်အတူ
Jiji နိုးလာခဲ့သည်။ နာရီကိုလှမ်းကြည့်လိုက်တော့
၇ နာရီအတိ။ Jiji ညတုန်းက Minhun နှင့်ချိန်ထား
သည့်အကြောင်းသတိရသွားသည်။
ချိန်ထားသည့်အချိန်က ၉ နာရီ ဆိုတော့ Jiji
အတွက်စောပါသေးသည်။ Minhun ကသူတို့
ကော်ဖီဆိုင်နားကပန်းခြံမှာဘဲတွေ့ကြရန်ပြော
သည်။ ထိုမှတစ်ဆင့် ဆက်သွားမည်ပေါ့။

Jiji အိပ်ယာပေါ်၌စောင်ကိုစနစ်တကျပြန်ခေါက်
ထားခဲ့ပြီး ရေချိုးခန်းထဲသို့ဝင်၍ သွားတိုက် မျက်နှာသစ်
ကိုယ်လက်သန့်စင်ပြီး ထွက်လာသည်။
ဒီနေ့အလုပ်နားရက်ဖြစ်၍ Jiji အနေဖြင့်ဘာမှ
ထွေထွေထူးထူးလုပ်စရာမရှိ။ မနက်စာစားရန်
အောက်သို့ဆင်းလာတော့ ထမင်းစားခန်းထဲ၌
စားပွဲထိပ်နားတွင်ထိုင်နေသော Jennie။

" နိုးပြီလား ဒီနေ့စောတယ်နော် "

" အင်း "

Jiji, သူ့အမေးကိုတစ်လုံသာဖြေပြီး
စားစရာရှိတာဆက်စားနေလိုက်သည်။
ဒါပင်မဲ့လဲဒီလိုကြီးနေလို့မဖြစ်သေးဘူး
Jiji အပြန်သွားမယ့်အကြောင်းသူ့ကို
ပြောပြရအုံးမည် မဟုတ်ဘူး ခွင့်တောင်းရမည်
ဆိုပိုမှန်လိမ့်မယ်။

" Jiji ဒီနေ့သွားစရာရှိတယ် "

" ဘယ်သူနဲ့လဲ... ဘယ်ကိုသွားမှာလဲ
ဘယ်အချိန်သွားမယ်လဲ "

သိတယ် ဒီလိုတွေဆက်တိုက်မေးလာတော့မယ်
ဆိုတာ။ မပြောပြန်ရင်လဲစိတ်ဆိုးပြီးထသောင်းကျန်း
အုံးမယ်။

" Nayeon နဲ့ပါ။ သူ့မွေးနေ့အတွက်တစ်ခုခုကျွေးချင်
တယ်ဆိုလို့ "

" Nayeon တစ်ယောက်ထဲဘဲလား။
ကျန်တာဘယ်သူပါသေးလဲ "

" ကျစ်... ရှင်ကစုံထောက်လားဘာလို့အဲ့လောက်ထိ
အသေးစိတ်လိုက်မေးနေရတာလဲ "

Jiji သူမကိုစိတ်ဆိုးပြီးပြောလိုက်တော့

" Jiji ဘယ်သွားမယ်ဘာလုပ်မယ်ဆိုတာကို
Jen အသေးစိတ်ကအစသိသင့်တယ်။
ဒါမှ Jiji တစ်ခုခုဖြစ်ရင်ကာကွယ်လု့ိရမှာပေါ့ "

" ဒီမှာ Jiji ကကလေးမဟုတ်တော့ဘူး
တစ်ယောက်ထဲသွားနိုင်လာနိုင်တယ် "

𝐏𝐨𝐬𝐬𝐞𝐬𝐬𝐢𝐯𝐞🥀Where stories live. Discover now