Ep - 4 🥀

1.9K 182 8
                                    

Unicode

" Boss အဆင်ပြေရဲ့လား"

မမလေးကိုပြန်ခေါ်လာပြီးနောက်
အခန်းထဲမှာတစ်ယောက်ထဲ အရက်တွေကြီး
စွတ်သောက်နေသည့် Boss ကြောင့် Jun
စိတ်ပူ၍မေးလိုက်ခြင်းဖြစ်သည်။

" မပြေဘူး Jun "

Jun သိတာပေါ့။ Boss စိတ်တွေဘယ်လောက်
ထိန်းချုပ်ထားရသလဲဆိုတာကို။ ဒါမမလေးကို
သိပ်ချစ်လို့။ မဟုတ်လို့အဲ့နေရာမှာတစ်ခြားသူ
သာဆို အခုချိန် Boss လက်ချက်ဖြင့် နောက်ဘဝ
ကူးသွားလောက်ပြီ။

Jen နောက်တစ်ခွက်သောက်မလို့ခွက်ကို
ယူလိုက်တဲ့အချိန် Jun ကဟန့်တားလိုက်သည်။
Jen ' ဘာလဲ' ဆိုသည့်အကြည့်ဖြင့်လှမ်းကြည့်
လိုက်တော့

" Boss များနေပြီ။ မသောက်ပါနဲ့တော့"

Jen ဘာစကားမှပြန်မပြောဘဲလက်ထဲက
ခွက်ကိုပြန်ချလိုက်သည်။ အဲ့ဒါကိုအံ့သြစွာ
ကြည့်နေသည့် Jun ကြောင့်

" ဘာဖြစ်လို့လဲ "

သူမေးလိုက်တော့ Jun ကခေါင်းကိုငုံ့ပြီး
ပြန်ဖြေသည်။

" Boss ကကျွန်တော်စကားကိုတစ်ခါထဲနဲ့
လက်ခံလိုက်လို့ပါ။ "

Jen နှုတ်ခမ်းပါးကိုကွေးညွတ်လိုက်ရင်း

" ငါ့ Limit တော့ငါသိပါတယ် "

" ကျွန်တော်တစ်ခုလောက်မေးလို့ရမလား"

Jen, Jun ကို ' မေးလေ' ဆိုသည့်သဘောဖြင့်
ကြည့်လိုက်သည်။

" မမလေးကို သာမန်အတိုင်းချဉ်းကပ်ရင်လဲ
ရရဲ့သားနဲ့ ဘာလို့အခုလိုမျိုးချုပ်နှောင်ထား
ရတာလဲ Boss "

Jen, Jun ကိုစိုက်ကြည့်လိုက်တော့
သူကကြောက်ရွံ့သွားဟန်ဖြင့်

" တောင်းပန်ပါတယ်။ ကျွန်တော်မမေးသင့်တာ
ကိုမေးလိုက်မိလို့ "

" ရတယ်။ မင်းသိချင်ရင်ငါပြောပြမယ်"

Jen ဆိုဖာပေါ်နောက်ကျောမှီထိုင်လိုက်ရင်း

" ပုံမှန်အတိုင်းတွေ့ဆုံပြီး သူကငါ့ကိုပြန်ကြိုက်
လာရအောင်ဘဝကရုပ်ရှင်မဟုတ်ဘူး Jun... "

Jen တစ်ချက်ရယ်လိုက်ပြီး

" ဟင်း.... မင်းသိလား Jun. ငါသာအခုလိုမျိုး
သူ့ကိုအနားမှာမခေါ်ထားရင် Jiji ကိုငါဘယ်တော့
မှမပိုင်ဆိုင်နိုင်ဘူးဆိုတာ။
ငါလိုလူမျိုးကို Jiji ကမချစ်နိုင်ဘူး။ အခုသူငါအနား
မှာနေနေတယ်ဆိုတာလဲ အကြောက်တရားနဲ့ထိန်း
ချုပ်ထားလို့သာ။
ငါချစ်သလိုသူပြန်မချစ်လာရင်နေပါစေ ၊ ငါ့ကို
ကြောက်ရွံ့မုန်းတီးနေလဲရပါတယ်။ သူငါ့အနားမှာ
ရှိနေယုံနဲ့တင်ငါ့အတွက်လုံလောက်တယ်"

𝐏𝐨𝐬𝐬𝐞𝐬𝐬𝐢𝐯𝐞🥀Where stories live. Discover now