Ep - 9 🥀

1.5K 161 15
                                    

Unicode

" Minhun ဒါက.. "

" ဒါကျွန်တော်ကြီးပြင်းလာတဲ့
ကျောင်းလေ "

Jiji တို့အတူနေ့လည်စာစားပြီးတော့
Minhun ကတစ်နေရာခေါ်သွားချင်
သည်ဆို၍လိုက်လာခဲ့သည်။
ရောက်လာသည့်နေရာကမိဘမဲ့ကျောင်း
တစ်ခုဖြစ်နေ၍ Jiji အံ့သြသွားရသည်။

Minhun က Jiji ကိုကြည့်၍

" ကျွန်တော်ကငယ်ငယ်လေးကထဲက
မိဘမဲ့တစ်ယောက်လေ "

Jiji, Minhun ကိုအားနာသွားမိသည်။
သူမသိခဲ့ဘူးမလား။

" ကျွန်တော်ကိုမွေးခဲ့တဲ့သူတွေကဘယ်သူမှန်း
လဲမသိခဲ့ဘူး။ လူမှန်းသိတတ်စအရွယ်ကထဲက
ဒီမှာဘဲကြီးပြင်လာတာ။ ကျွန်တော်အသက်
၁၀ နှစ်မှာ မွေးစားဖို့အတွက်လူတွေရောက်
လာပြီး ကျွန်တော်ကို US ကိုခေါ်သွားကြတယ်"

" .... "

" US မှာဘဲပညာသင်ပြီးအရွယ်ရောက်လာ
တော့ မွေးရပ်မြေကိုးရီးယားကိုပြန်လာခဲ့တာ"

" ဒါဆိုမွေးစားမိဘတွေကအခု US မှာ
ကျန်ခဲ့တာလား "

Minhun ကဝမ်းနည်းစွာဖြင့်

" ကျွန်တော်အသက် ၂၀ မှာ အပြင်သွားရင်
ကား accident ကြောင့်ဆုံးသွားကြပြီ "

" Jiji စိတ်မကောင်းပါဘူး"

Jiji စိတ်မကောင်းစွာ Minhun
ပုခုံးလေးကိုပုတ်လိုက်သည်။

" ကျွန်တော်အတွက်စိတ်မကောင်း
မဖြစ်ပါနဲ့ Ji ရဲ့။ အစကထဲက ကျွန်တော်က
တစ်ယောက်ထဲဘဲရှင်သန်လာခဲ့ရတော့
နေသားကျနေပါပြီ "

Minhun ကတော့ဘာမှမဖြစ်သည့်အတိုင်း
ရယ်မောကာပြောနေသည်။
သို့သော် သူ့မျက်ဝန်းတွေကတစ်ဆင့်
သူဘယ်လောက်ထိအထီးကျန်ကြောင်းကို
ဖော်ပြနေသည်။

" အဲ့ဒါကြောင့်ကျွန်တော်စာအုပ်တွေအမြဲ
ဖတ်ဖြစ်တယ်။ စာအုပ်တွေကကျွန်တော်ကို
စိတ်ဖိစီးမှုတွေလျော့နည်းစေတယ်လေ။
နောက်ပြီး ဗဟုသုတလဲရတယ်။ ငယ်ငယ်
ကထဲကစာအုပ်တွေနဲ့အဖော်ပြုရင်သာနေတာများပါတယ်"

Jiji, Minhun မျက်လုံးတွေကိုသေချာ
စိုက်ကြည့်ကာ ပြုံးပြပြီး

" အခုချိန်ကစပြီး Minhun
တစ်ယောက်ထဲမဟုတ်တော့ဘူး။
Minhun ဘေးနားမှာ Jiji ရှိတယ်။
Jiji တို့ကအရင်းနှီးဆုံးမိတ်ဆွေတွေဘဲ
မလား။ Minhun ရင်ဖွင့်စရာရှိရင် Jiji
ကိုရင်ဖွင့်လို့ရတယ်။ "

𝐏𝐨𝐬𝐬𝐞𝐬𝐬𝐢𝐯𝐞🥀Where stories live. Discover now