Ep - 13🥀

2.1K 172 24
                                    

Unicode

" နိုးလာပြီလား "

Irene တစ်ညလုံး Jisooဘေးမှာ
ထိုင်စောင့်နေရင်း မနက်မိုးလင်းလောက်မှာ
ခဏအိပ်ပျော်သွားခဲ့သည်။
နိုးလာတော့သူမကိုမျက်လုံးဖွင့်၍
သူမကိုပြူးတူးတူးလေးကြည့်
နေသောကြောင့်မေးလိုက်သည်။

Jisoo က Irene ကိုခေါင်းပြန်ညိတ်ပြသည်။

" ဘယ်လိုနေလဲ နေရတာသက်သာရဲ့လား
ဘယ်နားနာတာရှိလဲ။ ခေါင်းရောကိုက်လား"

Irene ကသာမေးခွန်းတွေဆက်တိုက်မေးနေတာ
အိပ်ယာပေါ်မှာလှဲနေသည့် Jisoo ကသူ့ကို
မျက်လုံးပြူးပြူးလေးတွေဖြင့်ကြည့်နေတုန်း

" တို့နာမည်က Bae Irene, ဆရာဝန်တစ်ယောက်ပါ
ညတုန်းကမင်းမေ့သွားတယ်လို့ Jennie ဖုန်းဆက်လို့
လာကြည့်ပေးတာ။ Jennie ရဲ့မိသားစုဆရာဝန်ဆိုလဲ
ဟုတ်တယ်။ သူ့အမလိုမျိုးဆိုလဲဟုတ်တယ်။
တို့ကိုယုံကြည်လို့ရပါတယ်။ တစ်ခုခုဖြစ်ရင်ပြောပါ"

Irene, Jisoo ကိုပြုံးပြီးသူမနားလည်အောင်
သေချာရှင်းပြလိုက်သည်။

ထိုအချိန်အခန်းထဲသို့ Jennie ဝင်လာပြီး
Jisoo နိုးနေသည်ကိုမြင်၍ အပြေးအနားသို့
ရောက်လာကာ

" Jiji ya, သက်သာရဲ့လား။ ညက ကိစ္စအတွက်
Jen တောင်းပန်ပါတယ်... Jen မရည်... "

Jennie စကားပင်မဆုံးသေး Jisoo က
ခုတင်ပေါ်မှ ပြေးဆင်းကာ သူပုခုံးကိုကိုင်ထားသည့်
Jennie လက်ကိုအတင်းဖယ်ပစ်လိုက်သည်။

Jennie ကိုခေါင်းအုံးဖြင့်ပစ်ပေါက်ပြီး
သူမမျက်လုံးတွေကပါ ဂနာမငြိမ်တော့ဘဲ
လက်ချောင်းတွေကိုအချင်းချင်းပွတ်တိုက်
နေပြီး ခေါင်းကိုအတင်းအောက်ဆိုက်ငုတ်ထား၍
Irene နောက်သို့ဝင်ပုန်းလိုက်သည်။

ရုတ်ချည်းပြောင်းလဲသွားသောအခြေအနေကြောင့်
Irene ရော Jennie ပါဘာလုပ်လို့လုပ်ရမှန်းမသိ
၍ဒီတိုင်းကြည့်နေမိသည်။ နောက်မှ Jennieကဦးစွာ

" Jiji ya, Jen လေ Jen ကိုမှတ်မိတယ်မလား"

သူမရင်ဘတ်လေးသူမပုတ်ပြကာ
အနားကိုတစ်ဖြည်းဖြည်းတိုးလာတော့
Jisoo ကသူ့အနားအကပ်မခံဘဲ Irene
လက်ကိုအားကိုတစ်ကြီးဖက်တွယ်ထားသည်။
ထိုအခါမှ Irene လဲ Jisoo လက်ကလေးကို
ကိုင်ပြီး

𝐏𝐨𝐬𝐬𝐞𝐬𝐬𝐢𝐯𝐞🥀Where stories live. Discover now