Ep - 10🥀

1.6K 155 0
                                    

Unicode

ခေါင်းထဲကတစ်ဆစ်ဆစ်ထိုးကိုက်မှု
နှင့်အတူမျက်လုံးတွေကြိမ်းစပ်ကာ
Jen တစ်ယောက်အိပ်ယာမှနိုးလာသည်။

" အား.. ကျွစ် "

မျက်ရိုးကိုလက်မဖြင့်အသာဖိပြီး
Jen ခုတင်ပေါ်၌ထိုင်လိုက်သည်။
အခန်းထဲကိုမျက်လုံးကစားလိုက်တော့
သူ Jiji အခန်းထဲသို့ရောက်နေသည်ကို
သတိရသွားကာ ညကအကြောင်းများ
တွေးမိ၍ ပြုံးလိုက်သည်။ လက်က Jiji
ကိုက်ထားသည့်ဒဏ်ရာကိုကြည့်လိုက်တော့
အရောင်နဲနဲကျသွားပြီဖြစ်သည်။

....

အောက်ထပ်ရောက်တော့ Jen
ကိုစောင့်ကြိုနေတဲ့ Jun.. Hana
ကိုတွေ့၍ Jen သူ့ကိုမေးလိုက်သည်။

" Jiji ရော "

" မမလေးအလုပ်သွားပြီ Boss "

" ကျစ်.. ဒီကောင်မလေးမပြောမဆိုနဲ့
ထွက်ထွက်သွားပြန်တယ်။ "

....

" Jisoo "

Jiji ကော်ဖီထုတ်တွေကိုနေရာချနေရင်း
Nayeon ခေါ်လို့လှည့်ကြည့်လိုက်သည်။

" အဲ့ဒါတွေခဏချထားပါအုံး.. ငါနင့်ကို
မေးစရာရှိလို့ "

မနက်ပိုင်းဆိုင်မှာလူပါးချိန်ဖြစ်၍
Nayeon, Jiji ကိုသူသိချင်တာတွေ
မေးရန် ခေါ်လိုက်ခြင်းဖြစ်သည်။

" ပြောလေဘာမေးမလို့လဲ "

" Jisoo နင်နဲ့ငါတို့ဆိုင်ကိုလာလာနေကြ
ဖောက်သည် Lee Minhun နဲ့ကဘာတွေလဲ"

Nayeon စကားကြောင့် Jiji ရယ်လိုက်ကာ

" ဘာတွေရမှာလဲ ဒီတိုင်းသူငယ်ချင်းတွေပေါ့"

" သူငယ်ချင်းဟုတ်လား... ငါသိသလောက်
နင့်မှာယောကျာ်းလေးသူငယ်ချင်းမရှိပါဘူး"

" ဟာ နင်ကလဲသူနဲ့ငါကအရင်ကထဲက
သိတဲ့သူတွေမှမဟုတ်တာ.. ဆိုင်ကိုလာရင်းမှ
ရင်းနှီးသွားကြတာ "

Nayeon, Jiji လက်မောင်းကိုဆွဲပြီး

" လာ နင်ဒီမှာလာထိုင်ပြီးငါ့ကိုနားလည်
အောင်ရှင်းပြစမ်း "

Jijiကမအူမလည်ရုပ်ကလေးဖြင့်

" ဘာတုန်းဟာနင်ကလဲ "

𝐏𝐨𝐬𝐬𝐞𝐬𝐬𝐢𝐯𝐞🥀Donde viven las historias. Descúbrelo ahora