Ep - 15🥀

1.5K 144 24
                                    

Unicode

" Chae နင်ဘယ်လိုဖြစ်ပြီးဒီကိုရောက်
နေတာလဲ"

" ငါလားမနေ့ကမှရောက်တာပါ။ Korea
က client တစ်ယောက်ကငါ့ကိုအလုပ်အပ်ထား
တာရှိလို့"

" လာမယ်ဆိုလဲငါ့ကိုကြိုပြောတာမဟုတ်ဘူး။
ငါလာကြိုမှာပေါ့"

" ရပါတယ်ဟ။ ငါက Australia မှာအနေကြာပြီ
ဆိုပင်မဲ့ ဒီကလမ်းတွေကိုကောင်းကောင်းမှတ်မိ
ပါသေးတယ်"

Jiji သူတို့နှစ်ယောက်ပြောတာကိုစိတ်ဝင်စား
စွာနားထောင်နေမိတယ်။ Jennie နဲ့ဒီလောက်
တောင်ရင်းရင်းနှီးနှီးပြောနေပုံထောက်ရင်
တော်တော်ခင်တဲ့သူငယ်ချင်းဘဲဖြစ်မယ်လို့
Jiji ကောက်ချက်ချလိုက်တယ်။

" အော်ဒါနဲ့မိတ်ဆက်ပေးရအုံးမယ် ဒါငါ့ရဲ့
မိန်းကလေး။ နာမည်က Kim Jisoo လို့ခေါ်တယ်"

Jennie က Jiji လက်ကိုကိုင်လိုက်ပြီး သူ့ပေါင်ပေါ်
မှာတင်ထားလိုက်တယ်။ ပြီးတော့ဂုဏ်ယူဝံ့ကြွားသည့်
ပုံစံမျိုးဖြင့် Chaeyoung အား Jiji နှင့်မိတ်ဆက်ပေး
တယ်။ ပြီးတော့ပိုင်ဆိုးပိုင်နင်းဖြင့်ခေါ်လိုက်ပုံက
ငါရဲ့မိ်န်းကလေးတဲ့။

" တွေ့ရတာဝမ်းသာပါတယ်။ ကျွန်မနာမည်က
Park Chaeyoung ပါ Jennie နဲ့အထက်တန်း
တက်ကထဲကခင်ခဲ့တဲ့သူငယ်ချင်းပေါ့ "

Chaeyoung က Jiji ကိုအချိုသာဆုံးသူမအပြုံးတွေ
ဖြင့်ပြုံးပြပြီး လက်ဆွဲနှုတ်ဆက်ရန် လက်ကမ်းပေး
လိုက်တယ်။
Jiji, Chaeyoung လက်ကိုပြန်ကိုင်ကနှုတ်ဆက်
လိုက်တယ်။ Chaeyoung က Jiji ကိုပြုံးပြီးကြည့်
နေတယ်။

" Chae နင်အခုဘယ်မှာနေတာလဲ"

Jennie စကားသံကြားမှ Jiji တို့နှစ်ယောက်
လက်ကိုပြန်ရုတ်လိုက်တယ်။

" ငါ xxxxx hotel မှာတည်းနေတယ်"

" အေးအဆင်မပြေတာရှိရင်ငါ့ကိုပြောလေ
ငါ့ကူညီပါမယ်"

" အဆင်မပြေတာမရှိပါဘူးဟ။ တစ်ခုခုလိုအပ်
လာရင်သာနင့်ကိုပြောမယ်ဟုတ်ပြီလား"

𝐏𝐨𝐬𝐬𝐞𝐬𝐬𝐢𝐯𝐞🥀Where stories live. Discover now