Ep - 18🥀

5K 246 125
                                    

Unicode

" မနက်ဖြန်ညနေဘုရားကျောင်းလာခဲ့
စောင့်နေမယ်"

Chae ပြောခဲ့တဲ့စကားအတိုင်း Jiji
အခု ဘုရားကျောင်းရှေ့သို့ရောက်
နေသည်။
ဘုရားကျောင်းဝန်းထဲခြေလှမ်းတွေကိုချလိုက်ကာ
အထဲသို့ဝင်လာခဲ့တယ်။
တိတ်ဆိတ်နေသောဘုရားဝင်းအတွင်းသို့
စူးစမ်းလေ့လာရင်း တံခါးကိုတွန်းဖွင့်ကာ
အထဲသို့ဝင်လိုက်သည်။

ဓမ္မတေးကိုစည်းချက်ညီညီအသံနေအသံထားဖြင့်
စန္ဒယားတီးကာဆိုနေသော Chae က Jiji ဝင်လာ
သည်ကိုမြင်တော့လှမ်းပြုံးပြသည်။
Jiji လဲ Chae ကိုပြုံးပြရင်းနေရာလွတ်တစ်နေရာ၌
ဝင်ထိုင်လိုက်ကာ စောင့်နေသည်။
တေးသံဆုံးသွားတော့မှ Chae ကထလာကာ
Jiji ရှိသို့လျှောက်လာသည်။

" စောင့်ရတာကြာသွားလား"

" ဟင့်အင်းမကြာပါဘူး"

" အပြင်ထွက်ကြမလား"

Chae လက်လှမ်းပေးလိုက်သည်ကိုတွဲလိုက်ကာ
အပြင်သို့ထွက်လာခဲ့ကြသည်။

" ဒီဘုရားကျောင်းလေးကအေးချမ်းတယ်နော်"

" အင်းဟုတ်တယ် လူသိပ်မလာဘူးဒီကို"

လက်တွဲရင်းလမ်းလျှောက်နေရာမှ Jiji
ရပ်လိုက်ပြီး

" Chae ကသီချင်းလဲဆိုတတ်တယ် စန္ဒယားလဲတီး
တတ်တယ်နော်"

" ငယ်ငယ်လေးကထဲက မိဘတွေဘုရားကျောင်း
လာရင်အတူလိုက်လာနေကြဆိုတော့ ဖာသာက
သင်ပေးလို့တတ်တာပါ"

" Jiji ကိုရောစန္ဒယားတီးတာသင်ပေးလို့ရမလား"

လက်မောင်းကိုဖက်တွယ်ရင်းမျက်လုံးဝိုင်းဝိုင်း
လေးဖြင့်မော့ကြည့်ကာ Jiji ကပြောလာသည်။

" Jiji သင်ချင်ရင်သင်ပေးမှာပေါ့"

" တကယ်လား"

" တကယ်ပေါ့။ ညနေတိုင်း ဒီဘုရားကျောင်းကို
လာခဲ့ Jiji ကိုသင်ပေးမယ်"

လိုချင်တာရသွားသည့်ကလေးကိုပျော်ရွှင်
သွားသော Jiji ကိုကြည့်ရင်း Chae ပါထပ်တူ
ပြုံးမိသည်။

.....

" Jiji ညကျရင် Jen နဲ့အတူပွဲလိုက်ရမယ်
ပြင်ဆင်ထားလိုက်"

You've reached the end of published parts.

⏰ Last updated: Jun 09, 2021 ⏰

Add this story to your Library to get notified about new parts!

𝐏𝐨𝐬𝐬𝐞𝐬𝐬𝐢𝐯𝐞🥀Where stories live. Discover now