Ep - 14🥀

1.7K 154 14
                                    

Unicode

Irene unnie ရဲ့ဂရုတစိုက်ကုသပေးမှုတွေကြောင့်ရော
တစ်အိမ်လုံးရဲ့ဂရုစိုက်မှုတွေကြောင့်ပါ အခုဆို Jiji
တော်တော်လေးသက်သာလာပါပြီ။
ဒါပင်မဲ့ Jen ကိုတော့ကြောက်နေဆဲ။ Jen ကိုမြင်ရင်
အရင်လိုရုန်းကန်ချင်း မောင်းထုတ်ချင်းမရှိတော့ပင်
မဲ့လဲအခုထိတော့ Jen ကိုစကားမပြောသေး။

တံခါးကိုအသာလေးဖွင့်ကာ Jen အထဲသို့ကြည့်
လိုက်တယ်။ အိပ်ယာပေါ်မှာတစ်ဆင့်ပြတင်းပေါက်
အပြင်ဘက်ကိုငေးနေတဲ့ Jiji က Jen ဝင်လာတာကို
သတိထားမိပုံမပေါ်။

"Jiji "

ဆက်ခနဲကိုယ်လုံးလေးကတုန်တက်သွားပြီး
ချက်ချင်းဆိုသလို စောင်အောက်ထဲသို့ဝင်ပုံး
သွားသော Jiji ကြောင့် Jen မှာစိတ်မကောင်း
ဖြစ်ရပြန်တယ်။
ကိုယ်ချစ်ရတဲ့သူဆီမှ သူစိမ်းဆန်တဲ့အကြည့် ကြောက်ရွံ့
မှုတွေကိုမြင်ရတာရင်နာလှပါတယ်။

"Jiji, Jen ကိုကြည့်ပါအုံး။ Jen, Jiji
ကိုဘာမှမလုပ်ပါဘူး။ မကြောက်ပါနဲ့ "

နူးညံ့ငြင်သာသောအသံလေးဖြင့်ဆိုကာ
Jiji နားသို့တိုးကာကပ်ထိုင်လိုက်တယ်။
ပြီးမှစောင်ကိုအသာဖယ်လိုက်တော့ မျက်လုံးတွေ
ကိုခပ်တင်းတင်းမှိတ်ထားကာ လက်နှစ်ဖက်က
စောင်စကိုကျစ်ကျစ်ပါအောင်ဆုပ်ထားသော
Jiji ပုံစံကဘယ်လောက်ထိကြောက်နေလဲဆိုတာ
သိသာပါတယ်။

Jiji နဖူးပေါ်ဝဲကျနေသောဆံစလေးတွေကို
လက်ဖြင့်သပ်တင်ပေးလိုက်ပြီး ချွေစလေးတွေကို
သုတ်ပေးလိုက်တယ်။
Jiji လက်သီးဆုပ်လေးကိုခပ်ဖွဖွဆုပ်ကိုင်လိုက်ပြီး

"Jiji ကိုယ့်ကိုအခုထိရှောင်ဖယ်နေတုန်းလား။
Jen နားလည်ပါတယ်။ စောင့်ပါမယ်..Jiji ဘက်က
Jen ကိုပြန်လက်ခံလာနိုင်မယ့်အချိန်ထိ စောင့်မှာပါ"

မျက်လုံးပွင့်လာကာ စကားတစ်လုံးမှမထွက်ဘဲ
Jen ကိုပြူးပြူးလေးမော့ကြည့်နေသော Jiji
ကသိပ်ကိုအပြစ်ကင်းစင်သည့်မိန်းကလေးပါ။
ထိုမိန်းကလေးကို Jen ဘာလို့အခုလိုများနာကျင်
အောင်လုပ်ခဲ့မိပါလိမ့်။ ပြန်စဉ်းစားတိုင်းနောင်တရ
တယ်။ Jen ကိုယ့်ကိုကိုယ်လဲဒေါသဖြစ်မိတယ်။
ကိုယ့်စိတ်ကိုယ်မထိန်းချုပ်နိုင်လောက်အောင်အသိ
စိတ်မဲ့သွားသည့်ဖြစ်ရပ်မျိုးနောက်တစ်ခါမကြုံရအောင်
အတတ်နိုင်ဆုံးထိန်းသည်။ အထူးသဖြင့် Jiji ရှေ့မှာ
ဒီလိုအဖြစ်မျိုးမမြင်ရစေရန်ပေါ့။

𝐏𝐨𝐬𝐬𝐞𝐬𝐬𝐢𝐯𝐞🥀Nơi câu chuyện tồn tại. Hãy khám phá bây giờ