Unicode
One month later,
" Ji "
Lavender ပန်းတွေကြား ပြေးလွှားနေသည့်
Ji က Minhun မျက်စိထဲမှာသိပ်ကိုလှပသည်။
ဂါဝန်အဖြူလေးဝတ်ထားသည်မလို့ ခရမ်းရောင်
lavender တွေကြား Ji ကထင်းခနဲ့ပေါ်လွင်နေသည်။လေပြေလေညင်းတွေတိုက်ခတ်မှုကြောင့် ဆံနွယ်ညို
တွေက Ji မျက်နှာကိုရိုက်ခတ်ကာ ဘေးတစ်စောင်း
သာမြင်ရသော မျက်နှာလေးကတော်တော်ကိုလှပ
သည်။ထိုမိန်းကလေးက Minhun ကို
ရင်ခုန်အောင်လုပ်နိုင်စွမ်းရှိသည်။" Minhun shi "
အနားကိုလာရန် ပြုံးကာလက်ယက်ခေါ်နေသော
သူမကြောင့် အနားသို့ ပြေးကာသွားလိုက်သည်။" Jiji ကိုဓာတ်ပုံရိုက်ပေးလို့ရမလား။
Lavender ပန်းခင်းကြီးကသိပ်လှတာဘဲ "" ကျွန်တော်ကိုဖုန်းပေးရိုက်ပေးမယ် "
ဖုန်း screen ပေါ်မှာပြတ်သားစွာပေါ်နေသော
Jiji က သူ့ကိုရယ်ပြနေသည်။*ပန်းလေးတွေထက် Ji ကပိုလှပါသည်။*
.....
မြေနီလမ်းလေးအတိုင်း နှစ်ယောက်သား
ဘေးချင်းယှဉ်ရပ်လျှောက်လာကြသည်။
Ji ကတော့သူ့စိတ်ကူးနှင့်သူ ပန်းတွေကို
ကြည့်လိုက် အဝေးကိုငေးလိုက်ဖြင့်သာ။
တစ်ချက်ချက် ထိမိသွားသော လက်တစ်စုံ
ကြောင့် Minhun အကြိမ်ကြိမ်ရင်ခုန်နေရသည်။" Ji "
Minhunခေါ်လိုက်တော့ Ji က ပြုံး၍ပြန်ကြည့်သည်။
သူများမိန်းကလေးတွေလို ပြုံးလိုက်ရင်ပါးချိုင့်
ကလေးမပေါ်ပင်မဲ့လဲ Minhun မျက်စိထဲမှာ
တော့ Ji အပြုံးတွေကသိပ်ကိုလှပသည့်ပန်းချီကား
တစ်ခုနှင့်တူသည်။" ကျွန်တော်ပြောစရာရှိလို့ "
သူမကနားထောင်နေသည်ဆိုသည့်သဘောဖြင့်
ထပ်ပြုံးပြပြန်သည်။
ထပ်မပြုံးပါနဲ့တော့ Ji ။*Kim Jisooဆိုသည့်ဒီလူသားပြုံးရင်...ကျွန်တော်
အကြိမ်ကြိမ်သေသည်။*" ကျွန်တော်တို့နှစ်ယောက်သိသာမကြာသေးလို့
အခု ကျွန်တော်ပြောမယ့်စကားကို Ji အထင်မလွဲ
စေချင်ဘူး.... ကျွန်တော်... "
YOU ARE READING
𝐏𝐨𝐬𝐬𝐞𝐬𝐬𝐢𝐯𝐞🥀
Fanfictionအမုန်းတွေရဲ့အလွန်မှာ ချစ်ခြင်းတရားဆိုတာရှိတယ် နင့်ကိုသိပ်မုန်းလွန်းလို့ ငါချစ်မိသွားတယ်🥀 ~~~ Both Zawgyi/Unicode