Unicode
" Jen ဒီနေ့အိမ်ပြန်နောက်ကျမယ်။
ညစာစားပွဲရှိလို့။ ညစောစောအိပ်နော်။
မဟုတ်ရင်မနက်အိပ်ရေးမဝဘဲနေလိမ့်မယ်"မှာတမ်းတွေခြွေပြီးထွက်သွားသောသူ့ကို
Jiji ဒီတိုင်းသာရပ်ကြည့်နေသည်။" မမလေး"
Jiji အိမ်တော်ထိန်းPark ခေါ်သံကြား၍
ကြည့်လိုက်သည်။" ကျွန်မအိမ်အတွက်လိုအပ်တာတွေသွားဝယ်
မလို့ မမလေးမှာစရာရှိသေးလား"Jiji ခဏစဉ်းစားလိုက်ပြီး
" ဟင့်အင်းမရှိပါဘူး"
ထိုအခါအိမ်တော်ထိန်းParkက
" အဲ့ဒါဆိုကျွန်မသွားလိုက်အုံးမယ်နော်။
တစ်ခုခုဆို Hana အောက်ထပ်မှာရှိတယ်။
သူ့ကိုခေါ်လိုက်ပါ"" Nae စိတ်ချသွားပါ"
....
" အင်း......သူကလဲဒီနေ့နောက်ကျမှပြန်လာမယ်။
အိမ်တော်ထိန်းParkကလဲအပြင်သွားတယ်"Jiji အိမ်ထဲဝေ့ဝိုက်ကြည့်လိုက်တော့
အလုပ်သမားတွေကလဲသူ့အလုပ်သူလုပ်နေကြပြီး
Jiji ကိုအာရုံမထားမိကြ။ထိုအချိန် Jiji ခေါင်းထဲအကြံတစ်ခုဖြတ်ခနဲ
ပေါ်လာသည်။" ဟုတ်ပြီ... ငါထွက်ပြေးဖို့အကောင်းဆုံးအချိန်ဘဲ"
Jiji အိမ်ထဲဟိုလျှောက်ကြည့်ဒီလျှောက်ကြည့်
ပုံစံမျိုးဖြင့်အလုပ်သမားတွေကိုအကဲခတ်ကာ
ခြံထဲသို့ဆင်းလာသည်။
ခြံထဲကနေ ဂိတ်ဝထိကလမ်းလျှောက်သွားရင်
အဝေးကြီး။ Jiji တော်ယုံနှင့်ရောက်မည်မဟုတ်
လမ်းတစ်ဝက်မှာတင်အဖမ်းခံလိုက်ရနိုင်သည်။ထိုအချိန် ဂေါက်ကွင်းတွေမှာစီးတဲ့ကား
သေးသေးလေးပေါ်ပစ္စည်းတွေတင်ကာ
မောင်းလာသည်ကို Jiji တွေ့လိုက်ရသည်။
ကံတရားက Jiji ဘက်ဘဲပါနေသလား။
Jiji ထိုကားလေးအနောက်မှလူမမြင်အောင်ခိုစီး
ကာလိုက်ပါသွားသည်။
အမောင်းသမားကလဲသူ့အာရုံနှင့်သူမလို့ Jiji
ပါလာသည်ကိုမသိ။ကားကဂိတ်နှင့်မနီးမဝေးနေရာ၌ရပ်သွားသည်။
Jiji ကားပေါ်မှဆင်း၍ အပင်တွေနောက်မှာဝင်
ပုံးလိုက်သည်။
အပေါက်ဝကိုကြည့်လိုက်တော့ လုံခြုံရေး
လေးယောက်က ဂိတ်နားမှာစောင့်နေသည်။
ဒီအတိုင်းဆို Jiji ဂိတ်ကိုကျော်ပြီးအပြင်ကိုထွက်
လို့ရမည်မဟုတ်။
ထို့အချိန် Jiji မျက်စိထဲသို့ဝင်လာသော
တစ်စုံတစ်ခုကြောင့် Jiji ဝမ်းသာအားရဖြစ်သွား
မိသည်။
YOU ARE READING
𝐏𝐨𝐬𝐬𝐞𝐬𝐬𝐢𝐯𝐞🥀
Fanfictionအမုန်းတွေရဲ့အလွန်မှာ ချစ်ခြင်းတရားဆိုတာရှိတယ် နင့်ကိုသိပ်မုန်းလွန်းလို့ ငါချစ်မိသွားတယ်🥀 ~~~ Both Zawgyi/Unicode