Ep - 11🥀

1.5K 159 21
                                    

Unicode

" Jiji, Jen တို့အခုဆေးရုံကိုသွားမှဖြစ်မယ်"

" ဘာဖြစ်လို့လဲ "

သူက Jiji မေးတာကိုပြန်မဖြေဘဲ
လက်ကိုင်ကာ အလောတကြီးအပြင်ကို
ထွက်လာသည်။

" Jun ဆေးရုံကိုမောင်း "

ကားပေါ်ရောက်တော့အားလုံးတည်ငြိမ်
သွားပြီဖြစ်မှ Jen ဘေးနားမှထိုင်နေသည့်
Jiji လက်လေးကိုဆုပ်ကိုင်ပြီး

" Jiji, Jen ကိုကြည့် Jen ပြောတာကို
အခုသေချာနားထောင်နော် "

Jen သူမပါးလေးကိုလက်နှစ်ဖက်ဖြင့်
ကိုင်လိုက်သည်။ ပြီးမှ

" Jen ကိုဖုန်းဆက်တယ်... Jiji Appa
ကအခုအခြအနေသိပ်မကောင်းဘူးတဲ့"

သူစကားကြားတော့မှ Jiji ကလှုပ်လှုပ်ရှားရှား
ဖြစ်သွားကာ ထိန်းချုပ်ရခက်သွားသည်။

" wae? Appa ကဘာဖြစ်လို့လဲ
အရင်နေ့တွေကပုံမှန်ဘဲဟာ... ဆရာဝန်တွေ
ပြောတော့လဲအားလုံးကောင်းတယ်ဆို.. "

မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျလာကာ
ဆက်တိုက်မေးခွန်းတွေမေးနေသော
Jiji ကို

" Jiji, Jen ကိုကြည့်.. Jen ပြောတာနားထောင်
အုံး... yarr Kim Jisoo!! "

Jen အော်လိုက်တော့မှသူမကငြိမ်ကျသွား
သည်။

" Jen လဲသေချာတော့မသိသေးဘူး
အခုဆေးရုံရောက်ရင်သိရမှာပါ။ စိတ်မပူနဲ့
ဘာမှမဖြစ်ဘူး... Jiji Appa ကို Jen က
ကာကွယ်ပေးမယ် ဟုတ်ပြီလား "

" အင်း.. "

ထိုမှသူမက အငိုရပ်သွားကာ
တိတ်သွားတော့သည်။
Jen သူမလေးကိုဖက်ပြီးကျောကိုအသာအယာလေး
ပုတ်ပေးနေမိသည်။

" အဆင်ပြေသွားမှာပါ... အဆင်ပြေသွားမှာ
Jen ရှိတယ်နော် "

တကယ်တော့ Jen မသိတာမဟုတ်။
ဆေးရုံကဖုန်းလာကထဲက Jiji Appa
အခြေအနေတော်တော်ဆိုးရွားနေကြောင်း
သိခဲ့ရသည်။ ဒီနေ့ ဒီတောင်ကိုတောင်ကျော်
ချင်မှကျော်နိုင်မည်တဲ့။ ဒါပင်မဲ့ Jen, Jij
ကိုဘယ်လိုလုပ်ပြောထွက်မလဲ။
ဆေးရုံမရောက်ခင် လမ်းမှာတင် Jiji
တစ်ခုခုဖြစ်သွားမှာ Jen စိုးရိမ်သည်။
ထို့ကြောင့်လိမ်ပြောလိုက်ခြင်းသာဖြစ်သည်။

𝐏𝐨𝐬𝐬𝐞𝐬𝐬𝐢𝐯𝐞🥀Onde histórias criam vida. Descubra agora