Unicode
ဒန်းပေါ်မှာထိုင်းကာစာဖတ်နေတုန်းမျက်စိကို
တစ်စုံတစ်ယောက်ကအုပ်လိုက်ပြီး" ဘယ်သူလဲခန့်မှန်းကြည့်"
Jiji စာအုပ်ကိုဘေးသို့ခဏချလိုက်ပြီး မျက်လုံးကို
ဖုံးထားသည့်လက်နှစ်ဖက်ပေါ် Jiji လက်ကိုထပ်၍
အုပ်မိုးကာကိုင်လိုက်တယ်။
ပြီးတော့တစ်ချက်ပြုံးလိုက်ပြီး" Chae မလား"
ထိုအခါ Jiji မျက်လုံးကိုအုပ်ထားသည့်လက်တွေကို
ဖယ်လိုက်၍ Jiji အနောက်ကိုလှည့်ကာကြည့်လိုက်တယ်။" Wow!! Jiji ကတော်လိုက်တာ။ Chae မှန်းဘယ်လို
သိတာလဲ"Chae က Jiji နားကိုလျှောက်လာကာဒန်းပေါ်မှာ
ဝင်ထိုင်လိုက်တယ်။" အသံရော လက်အနေအထားကအစ Chae မှန်း
သိသာနေတာကို"" အိမ်မှာ Jiji တစ်ယောက်ထဲလား"
Chae ကဘေးတစ်စောင်းလေး Jiji ကို
ကြည့်ပြီးမေးလာတယ်။" အင်းဟုတ်တယ်"
" Jiji ကဘာလုပ်တာလဲ"
Jiji သက်ပြင်းတစ်ချက်ချလိုက်ကာ
" ဟင်း! အရင်က Jiji သူငယ်ချင်းကော်ဖီဆိုင်မှာ
သူနဲ့အတူတူအလုပ်လုပ်တယ်"" အခုကရော"
Jiji စကားမဆုံးခင် Chae ကဖြတ်မေးလိုက်တယ်။
Chae မျက်ဝန်းတွေကိုဖတ်မိတော့ ပကတိရိုးသားဟန်
ပေါက်နေတယ်။" နေမကောင်းဖြစ်လို့နားလိုက်ရကာနေ
Jen ကပြန်မလုပ်ခိုင်းတော့ဘဲ အိမ်မှာဘဲနေခိုင်း
တော့တာ"" အော်"
Chae ကထိုတစ်ခွန်းသာဆိုပြီး Jiji ကို
ကြည့်နေတယ်။ အကြာကြီးကြည့်နေပြီးမှ" Jiji, Chae နဲ့အတူအပြင်လိုက်ချင်လား"
" အဲ့လိုရလား"
ဝမ်းသာအားရ Jiji မေးလိုက်ပြီးမှ တစ်စုံတစ်ခုကို
ပြန်သတိရသွားကာမျက်နှာလေးညိုကျသွားတယ်။
Jiji မျက်နှာကိုအရိပ်တစ်ကြည့်ကြည့် ကြည့်နေသည့်
Chae က
YOU ARE READING
𝐏𝐨𝐬𝐬𝐞𝐬𝐬𝐢𝐯𝐞🥀
Fanfictionအမုန်းတွေရဲ့အလွန်မှာ ချစ်ခြင်းတရားဆိုတာရှိတယ် နင့်ကိုသိပ်မုန်းလွန်းလို့ ငါချစ်မိသွားတယ်🥀 ~~~ Both Zawgyi/Unicode