Ep - 2 🥀

2.5K 187 11
                                    

Unicode

" ဒါ မမလေးနေရမယ့်အခန်းပါ "

အိမ်အကူမိန်းကလေးကJiji နေရာမယ့်
အခန်းကိုလိုက်ပြပေးသည်။

" ကျွန်မနာမည် Hana ပါ။ နောက်မမလေး
လိုအပ်တာရှိရင်ခေါ်ခိုင်းလို့ရပါတယ် "

Jiji ထိုကောင်မလေးကိုကြည့်လိုက်တော့
သူမထက်အနည်းငယ် ငယ်မည့်ပုံပေါက်သည်။

" စကားကိုရင်းရင်းနှီးနှီးပြောပါ။
ဒီအိမ်ထဲမှာ နောက်ဆို Jiji အတွက်အဖော်
က Hana ဖြစ်ချင်ဖြစ်လာနိုင်တယ်။
အခုကထဲက ခင်ခင်မင်မင်နေသွားကြတာပေါ့"

ဝမ်းနည်းရိပ်ယောင်သန်းနေသည့်မျက်ဝန်း
တွေဖြင့်ဆွေးဆွေးမြေ့မြေ့ပြောလာသော
မမလေးကိုကြည့်ကာ Hana သနားမိသည်။
သူမတို့သူဋ္ဌေးအကြောင်းသူမတို့သာအသိဆုံး။
အပြစ်ကင်းစင်းပြီး ချစ်ဖို့ကောင်းတဲ့မျက်နှာလေး
ရဲ့နောက်ကွယ်မှာ ဘယ်လောက်ထိရက်စက်
တတ်သလဲဆိုတာ မမလေးကတော့သိမြင်မထင်။

....

Jiji မြင်လိုက်ရသည့်အခန်းကိုကြည့်ပြီး
ဆွံ့အသွားမိသည်။

" ဘုရားရေ! အခန်းကြီးကကျယ်လိုက်တာ
ငါ့အိမ်က ဧည့်ခန်းတောင်ဒီအခန်းတစ်ဝက်
မရှိဘူး "

သူမရေချိုးခန်းတံခါးကိုဖွင့်ကြည့်လိုက်ပြီး

" ရေချိုးခန်းက ငါအိမ်ခန်းတစ်ခန်းစာလောက်
တောင်ရှိပါလား "

Jiji အိစက်ငြိမ့်ညောင်းသောမွေ့ယာကြီး
ပေါ်သို့ထိုင်ချလိုက်ပြီး စိတ်မကောင်းဖြစ်မိသည်။
သူမလဲလူဘဲ အခုလိုနန်းတော်တစ်မျှခန်းနားသည့်အိမ်ကြီး
ထဲမှာ မင်းသမီးတစ်ပါးလိုနေထိုင်ရတာကို
မကြိုက်ဘူးပြောရင်လိမ်ရာကြမှာပေါ့။
သို့သော်.... ဒီလိုအခြေအနေမျိုးကြီးနဲ့တော့
သူမမနေချင်ပါ။ သူ့ကို လှောင်အိမ်ထဲမှာချုပ်နှောင်း
ထားမည့်အခြေအနေကို သူသာသိသည်။
နောက်ပြီး ဆေးရုံမှာတစ်ယောက်ထဲကျန်နေခဲ့သည့်
အဖေကိုလဲစိတ်ပူသည်။

ဟိုလူကစိတ်မှန်သည်မဟုတ်။ ရယ်မောနေရာက
နေတောင် ဒေါသတစ်ကြီးပေါက်ကွဲတတ်သူ။
နူးညံ့မှုလဲတစ်စက်မှမရှိ။ Jiji Appa ကို
သူတစ်ခုခုလုပ်လိုက်ရင်ဘယ်လိုလုပ်မလဲ။
စိတ်မချနိုင်ပါ။

𝐏𝐨𝐬𝐬𝐞𝐬𝐬𝐢𝐯𝐞🥀Where stories live. Discover now