Ep - 7 🥀

1.5K 165 14
                                    

Unicode

" ကလင် "

ကော်ဖီဆိုင်ထဲသို့လူဝင်လာသဖြင့်တံခါးထိပ်မှာ
တပ်ထားသောဘီလ်သံမြည်သွားသည်။

" ဘာများမှာချင်ပါလဲရှင့် "

ဝိတ်တာကောင်မလေးရဲ့အမေးကို
ဝင်လာသည့်ဧည့်သည်က

" (Espresso) တစ်ခွက်ပေးပါ "

" ဟုတ်ကဲ့ပါ "

ဝိတ်တာမိန်းကလေးက ကောင်တာသို့ပြန်သွား၍

"Ji unnie espresso တစ်ခွက်ဖျော်ပေးပါ"

" အိုကေ "

....

Minhun ကကော်ဖီကြိုက်သည့်သူဖြစ်၍
ကော်ဖီဆိုင်တော်တော်များများကိုလဲထိုင်ဖူးသူဖြစ်သည်။
စာအုပ်တွေကြားပျော်မွေ့သူတစ်ယောက်လဲ
ဖြစ်တာကြောင့် ယခုသူရောက်နေသည့်
ကော်ဖီဆိုင်လေးဟာ Minhun အတွက်
အေးချမ်းမှုကိုပေးနိုင်ပြီး သေချာစာဖတ်နိုင်သည့်
နေရာတစ်ခုလဲဖြစ်သည်။
ထို့ကြောင့် ဒီဆိုင်ကိုသူရွေးချယ်ခဲ့သည်။
နေ့တိုင်း ဆိုင်လေးသို့လာ၍ကော်ဖီတစ်ခွက်မှာကာ
ထောင့်ကျသည့်နေရာ၌တစ်ယောက်ထဲထိုင်ကာ
စာအုပ်ဖတ်တတ်သည်။

အခုရက်ပိုင်း Minhun သတိထားမိတာတစ်ခုရှိ
နေသည်။ ကော်ဖီအရသာကသူအရင်သောက်နေကျ
အရသာနှင့်မတူတော့။ သူအနေနဲ့ဒီဆိုင်ကကော်ဖီ
ကိုသောက်လာတာကြာပြီဆိုတော့ အရသာကအစ
တန်းမှတ်မိနေပြီဖြစ်သည်။
ထို့ကြောင့် ဝိတ်တာလေးကိုမေးကြည့်တော့
အဖျော်ဆရာပြောင်းသွားလို့တဲ့။ သူတို့ဆိုင်ကို
Barista အသစ်တစ်ယောက်ရောက်လာသည်တဲ့။

ထိုသူကမည်သူမည်ဝါမှန်း Minhun မသိပင်မယ့်
အရင်ထက် သူပိုကြိုက်သည်။
ဒီနေ့လဲသူကော်ဖီဆိုင်လေးကိုရောက်လာခဲ့ပြန်ပြီ။
ဒီတစ်ခါတော့လူကိုယ်တိုင်မှာရန်ကောင်တာစီသို့
လျှောက်လာခဲ့သည်။

" မင်္ဂလာပါ... အော်ရှင်ဘဲလား "

" ခင်ဗျာ "

ကောင်တာမှရပ်နေသည့်မိန်းကလေးက
သူ့ကိုသိသည့်ပုံစံဖြင့်ပြော၍ Minhun အံ့သြသွားသည်။

" ဒီတစ်ခါရော Espresso ဘဲလား "

" ဒီကမိန်းကလေးကဘယ်လိုလုပ်ပြီးသိတာလဲ
ကျွန်တော်ကိုသိနေတာလား "

𝐏𝐨𝐬𝐬𝐞𝐬𝐬𝐢𝐯𝐞🥀Where stories live. Discover now