Unicode
တစ်ခုသောနေ့လည်ခင်း၌ JiJi အခန်းထဲ
မှတစ်ဆင့်ခြံထံသို့ငေးနေသည်။" ပျင်းလိုက်တာဟယ်! "
Jiji ဆိုတာတစ်စက်မှအငြိမ်နေလို့မရ။
တစ်ခုမဟုတ်တစ်ခုလုပ်နေရမှကျေနပ်တဲ့သူမျိုး။
အခုကျ ဘာမှလုပ်စရာမရှိဘဲ ဒီအိမ်ကြီးထဲမှာခြေချုပ်
မိနေတာကြောင့် ပျင်းရိနေရသည်။" Jiji "
" အောင်မလေး! "
နားရွက်နားလေးကပ်ကာသူ့နာမည်ကိုခေါ်လိုက်
သံကြောင့် Jiji ကြက်သီးဖြန်းခနဲထသွားကာ
ရင်တွေတောင်တုန်သွားသည်။" ဟာ! ရှင်ကလဲ အသံမပေးဘာမပေးနဲ့
ဘာလို့နားနားကပ်ခေါ်ရတာလဲ။ ဒီမှာလန့်သွား
တာဘဲ "သူမရင်ဘတ်လေးကိုဖိကာ စူပုတ်ပုတ်လေးဖြင့်
ရန်ပြန်တွေ့နေသည့်ကောင်မလေးကိုအသည်းယား
လို့ Jen သူမပါးလေးကိုဆွဲ့ဖဲ့လိုက်သည်။" အ! နာလိုက်တာ။ ဘာလုပ်တာလဲ"
သူက Jiji လက်ကိုပုတ်ချပြီး နာသွားသည့်
ပါးလေးကိုပွတ်နေသည်။" Jiji ကကိုယ့်ဘာသာကိုယ်အတွေးလွန်နေတာလေ
ဖယ်ပါအုံး.... အပြင်မှာဘာရှိလို့ဒီလောက်စိတ်ဝင်တစ်
စားတွေကြည့်နေရတာလဲ "သူက Jiji ကိုယ်လုံးလေးကိုအတင်းတိုးဝှေ့ကာ
အပြင်ဘက်ကို ပြူးပြဲကြည့်နေသည်။" အော်ဘယ်လိုဖြစ်လို့ဒီလောက်တိုးနေရတာလဲ!"
Jiji စိတ်မရှည်စွာအော်လိုက်ပြီး
" ဘာမှမရှိဘူး။ ဒီတိုင်းပျင်းလို့ငေးနေတာ"
" ဟင် Jiji ကပျင်းနေတာလား "
အော်မေးတတ်လိုက်တာ။ သူ့အိမ်ရောက်တာ
တစ်လပြည့်တော့မယ် အခုချိန်ထိ အိမ်ထဲကအိမ်ပြင်
ခြေတစ်လှမ်းတောင်မလှမ်းရတဲ့ Jiji ဘဝဟာဘယ်
လောက်တောင် ပျင်းရိငြီးငွေ့ဖွယ်ကောင်းလိမ့်မယ်
ဆိုတာသူမစဉ်းစားမိဘူးလား။Jiji ဘာမှမပြောနိုင်ခင်သူက Jiji လက်ကလေး
ကိုဆွဲပြီး" လာ Jen နဲ့လိုက်ခဲ့ "
သူက Jiji ကိုအိမ်အောက်ထိခေါ်လာပြီး
Jun ကို" Jun ကားပြင်လိုက်။ အပြင်သွားဖို့"

YOU ARE READING
𝐏𝐨𝐬𝐬𝐞𝐬𝐬𝐢𝐯𝐞🥀
Fanfictionအမုန်းတွေရဲ့အလွန်မှာ ချစ်ခြင်းတရားဆိုတာရှိတယ် နင့်ကိုသိပ်မုန်းလွန်းလို့ ငါချစ်မိသွားတယ်🥀 ~~~ Both Zawgyi/Unicode