Ep - 6 🥀

1.8K 168 11
                                    

Unicode

" Jiji!!! "

Jen လက်ထဲမှာပျော့ခွေကျသွားသောသူမကြောင့်
ပြာယာခတ်သွားသည်။ Jen ချက်ချင်းပင် Jiji ကို
ပွေ့ချီလိုက်ပြီး အိမ်ဘက်သို့မြန်မြန်ပြန်လာခဲ့သည်။

Jiji ကိုပွေ့ချီလာသော Jen ကိုမြင်တော့
Jun က Jen နားအမြန်ရောက်လာကာ

" မမလေးဘာဖြစ်လို့လဲ Boss "

" Jun ဆရာဝန်အမြန်ခေါ်လိုက် "

Jun ကိုပြောပြီးတာနဲ့ Jen, Jiji ကိုချီကာအိမ်ပေါ်
သို့တက်သွားသည်။
အခန်းထဲရောက်တော့ အိပ်ယာပေါ်သူမကိုအသာချ
ပေးလိုက်သည်။
Jen, Jiji လက်ကလေးကိုဆုပ်ကိုင်ထားရင်း
စိတ်ထဲမှလဲ ဘာမှမဖြစ်စေရန်ဆုတောင်းနေသည်။

" Boss ဆရာဝန်ရောက်ပြီ"

ဆရာဝန်လာ၍ Jen နေရာဖယ်ပေးလိုက်ပြီး
ဘေးနားကပ်ကာမတ်တပ်ရပ်နေလိုက်သည်။
ဆရာဝန်က Jiji ကိုစစ်စရာရှိတာစစ်ဆေးပြီး
တော့ Jen ဘက်လှည့်ကာ

" လူနာကအရမ်းထိတ်လန့်သွားလို့ shock ဖြစ်ပြီး
မေ့သွားတာပါ။ ကျန်တာအကုန်ပုံမှန်ပါဘဲ....
ကျွန်တော်ဆေးပေးခဲ့မယ်... ခဏနေနိုးလာရင်သာ
တိုက်လိုက်ပါ "

Jun ကဆရာဝန်ကိုလိုက်ပို့ရန်ပြန်ထွက်သွားသည်။
Jen ဆရာဝန်ပြောတာတွေကိုနားမလည်နိုင်ဖြစ်နေ
သည်။ Jen နဲ့စကားပြောနေရင်းအကောင်ကြီးကနေ
ဖြစ်သွားတာဆိုတော့ ဘာများဖြစ်လို့လဲဟုသာ
တွေးနေသည်။ ဘယ်လိုတွေးတွေးအဖြေကထွက်
မလာ။

....

လေးပင်နေသောမျက်ခွံတွေကိုအားယူ
စွာဖွင့်လိုက်တော့ Jiji အမြင်အာရုံထဲ
၌ မျက်နှာကြက်ဖြူဖြူကိုမြင်လိုက်ရသည်။
ဘယ်ဘက်လက်ကအနည်းငယ်လေးနေသလို
ခံစားရ၍ စောင်းငဲ့ကြည့်လိုက်တော့ Jiji
လက်ပေါ်ခေါင်းအုံးကာအိပ်ပျော်နေသော
Jennie။ Jiji ညာဘက်လက်ဖြင့် သူ့ဆံပင်တွေ
ကြားလက်ထည့်လိုက်ပြီး ခေါင်းကိုပွတ်လိုက်
တော့ ဆက်ခနဲခေါင်းထောင်လာသောသူ့ကြောင့်
လန့်ပြီး လက်ကိုချက်ချင်းပြန်ရုတ်လိုက်သည်။

" Jiji နိုးပြီလား။ ခေါင်းမူးနေသေးလား
ဘယ်လိုနေလဲ... ဘယ်နားနေလို့မကောင်း
တာရှိလဲ "

𝐏𝐨𝐬𝐬𝐞𝐬𝐬𝐢𝐯𝐞🥀Where stories live. Discover now