လူရယ်လို့ဖြစ်လာရင် ညတိုင်းအိပ်စက်ချိန် အိမ်မက်တခုမဟုတ်တခုတော့ မက်ဖူးကျမှာပါ။ သူများတွေအတွက်တော့ အိပ်ယာကနိုးလာတာနဲ့ အလိုလိုမေ့ပျောက်သွားနိုင်ပေမဲ့ ကျွန်တော့အတွက်တော့ လွယ်ကူသောအရာမဟုတ် ဘာလို့ဆို ဒီလိုပုံစံတူအိမ်မက်တွေကို ဆန္ဒာမရှိပဲ ခဏခဏ ပုံစံတူမက်နေလို့ပဲ။
မက်လိုက်တိုင်းလဲ ဝမ်းနည်းနာကျင်စရာနဲ့ ထိပ်လန့်စရာပဲဖြစ်နေတယ်။ ဒါပေမဲ့ ကျွန်တော့်အိမ်မက်ထဲ ထပ်တလဲလဲ ပါနေတဲ့ လူတစ်ယောက်ရှိတယ် ''လန်ကျန့်'' ဟုတ်တယ် ဒါသူ့နာမည်ပဲ ဒါပေမဲ့မျက်နှာကိုသည်းသည်းကွဲကွဲ မမြင်ရဘူး မြင်ရဖို့ အိမ်မက်ထဲမှာ အကြိမ်ကြိမ် ကြိုးစားနေတယ် ဒါပေမဲ့ အချီးအနှီးပဲ။
နောက်ထပ်ထူးဆန်းတာက ကျွန်တော်က ချောက်ကမ်းပါးတခုရဲ့ အစွန်းမှာ ခုန်ချဖို့ကြိုးစားနေတာပဲ။ တကယ့်လက်တွေ့မှာ ကျွန်တော်က ခုန်ချဖို့မပြောနဲ့ အမြင့်တောင်မတတ်ရဲတာ ကို အိမ်မက်ထဲမှာလိုလိုချင်ချင်နဲ့ခုန်ချဖို့ကြံနေတာပဲ။ ကျွန်တော်ခုန်ချလိုက်တာနဲ့တပြိုင်နက်ထဲ ဘယ်ကမှန်းမသိပေါ်လာတဲ့ လက်တစုံနဲ့ တင်းတင်းကြပ်ကြပ်စွဲထားတဲ့ လက်စုံနဲ့လူ ''လန်ကျန့်'' ဒါပေမဲ့သူ့မျက်နှာကိုကျွန်တော် သေသေချာချာမမြင်ရဘူး အသံ ဟုတ်တယ်သူ့အသံ နာနာကြင်ကြင်နဲ့ ထွက်မသွားဖို့တောင်းဆိုနေတဲ့ သူ့အသံ ပြီးတော့ရေတွေလိုပဲတောက်လျှောက်စီးကျလာတဲ့ အဲဒီလူရဲ့ လက်ပေါ်ကသွေးတွေ ကျွန်တော့ခံစားချက်ကလဲ အိမ်မက်ထဲမှာ အရမ်းကိုနောင်တာရပြီး နာကျင်နေတဲ့နှလုံးသားနဲ့မြန်မြန်ဆန်ဆန် ဒီချောက်ထဲကိုခုန်ချဖို့ကြိုးစားနေပေမဲ့ အဲဒီ လန်ကျန့် ဆိုတဲ့ လူမျက်နှာကို ကျွန်တော်မသေခင် အားရပါးရကြည့်ပြီးသွားချင်တယ်။ စိတ်ထဲမှာလဲ အရမ်းဝမ်းနည်းပြီး အပြစ်ကြီးလုပ်ထားတဲ့ လူလိုပဲ အကြိမ်ကြိမ်တောင်းပန်နေတယ်။ နောက်ဆုံးခုန်ချဖို့ ရွေးချယ်ပြီးလက်ကိုလွှတ်လိုက်တဲ့ အချိန် အဲဒီလူ က ကျွန်တော့်ကို ''ဝေ့ရင်း'' လို့ နာနာကြင်ကြင်ခေါ်ပြီးအော်ဟစ်ငိုကြွေးလိုက်တဲ့ အသံပြုတ်ကျသွားတဲ့ အချိန်မှာကြားလိုက်ရတယ်။ ဒါနဲ့ပဲစိတ်ရှုပ်ထွေးမှုများစွာနဲ့ ကျွန်တော် မနက်ခင်းတခုမှာနိုးထလာခဲ့တယ်။ ကျွန်တော့်ရဲ့ အော်ကြီးဟစ်ကျယ် အိမ်မက်ဆိုးကလန့်နိုးတဲ့ အသံကြောင့် ကျွန်တော့ဘေးက အခန်းဖော်တွေလန့်နိုးကုန်တယ်။
YOU ARE READING
Love is . . . . .
RomanceYibo + Zhan Zhan အချစ်ဆိုတာ ဘာလဲ? ကျွန်တော့်ကို ကျွန်တော်တောင် လူတစ်ယောက်ကိုဘယ်လိုချစ်မိသွားမှန်းမသိလိုက်ဘူး။ ဒီလူကြောင့် ပျော်ရွှင်ရသလို ဒီလူကြောင့် နှလုံးသားတွေ နာကြင်ရတယ် ဒါပေမဲ့ ကျွန်တော်ပျော်ပါတယ်...